"ကလေး တကယ်သွားတော့မလို့လား"
အိမ်ပိုင်ရှင်အဖွားက သူ့ဆီကိုရောက်လာတာ။ အိမ်ကိုဆက်မငှားတော့ဘူးလို့ အကြောင်းကြားလို့ရောက်လာတာဖြစ်သည်။
"ဟုတ်ကဲ့အဖွား ကျွန်တော် မြို့ထဲမှာအလုပ်ရှာမှဖြစ်တော့မှာ အဖွား"
"အေးပါအေးပါ အဲ့တာလဲမှန်ပါတယ်"
"အဖွား မြို့ထဲကိုသွားရင် ဘယ်ကားစီးရမှာလဲ"
"ပဲခူးရန်ကုန်ဖြတ်နေတဲ့ ကားတွေသာစီးသွားကလေး ဒါနဲ့မြို့ထဲမှာနေဖို့တွေရှာပြီးပြီလား"
"အဲ့လိုတော့မရှာရသေးဘူး"
"ဟေ ခက်တာပဲနေအုန်း အဖွားမြေးတစ်ယောက်ရှိတယ် သူ့ကိုမေးပေးမယ်နော်"
သူဝမ်းသာသွားရသည်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာမှမသိတဲ့သူ့ကိုကူညီမယ့်သူတော့ရှိသေးတယ်မလား။ အဖွားက သူ့မြေးကိုဖုန်းဆက်နေ၏။
"အေး မြေးလေး၊ မြေးလေးတို့အဆောင်မှာ အခန်းတွေဘာတွေလွတ်သေးလား"
.......
"အေး ဒီမှာ အဖွားတို့အိမ်မှာနေတဲ့ကလေးက မြို့ထဲအလုပ်ရှာမယ်ဆိုတော့ နေစရာအရင်ရှာရမယ်လေ"
....
"အေးအေး ကူညီလိုက်အုန်း ကလေးနာမည်က ဝင်္ကပါအိမ်တဲ့ မြေးကိုသူဖုန်းဆက်လိမ့်မယ်နော်"
....
"အေးအေး ကူညီပေးလိုက်ပါမြေးရယ်"
အဖွားက သူ့မြေးကိုဖုန်းဆက်ပေးပြီးသူ့ကိုလည်းဖုန်းနံပတ်ပေးလိုက်သည်။
"သွားသွား ဒီကားရောက်တယ် ကားဆရာကဂိတ်ဆုံးပြီဆိုမှဆင်း ပြီးရင်အဖွားမြေးဆီဖုန်းဆက်လိုက်သိလား"
"ဟုတ်ကဲ့အဖွား"
အစ်ကိုငှားပေးတဲ့အဖွားအိမ်လေးကိုကြည့်ပြီး သူစိတ်မကောင်းပေ။ အစ်ကိုပေးထားတဲ့ပိုက်ဆံရှိပေမယ့် ဒါကိုထိုင်စားလို့မှမဖြစ်တာ။ အစ်ကိုရန်ကုန်မှာဒီလိုသင်တန်းတွေရှိတယ်ဆိုပြီး သူ့ကိုပြဖူးတာကြောင့် သူစွန့်စားမှဖြစ်မယ်။ အစ်ကို့ဖုန်းလေး ပြန်ပြီးတပ်ဆင်ရင်တော့သူ့အတွက် အကောင်းဆုံးပေါ့။ ရန်ကုန်ပဲခူးကားနဲ့လိုက်သွားပြီး အဖွားမှာလိုက်တဲ့အတိုင်း ဂိတ်ဆုံးပြီဆိုတာနဲ့ သူအောက်ကိုဆင်းကာ အဖွားမြေးကိုဖုန်းဆက်လိုက်သည်။ သူ့ဆံပင်တွေကိုတော့သေသေချာချာစည်းနှောင်ပြီး ပုဆိုးကိုခပ်တင်းတင်းဝတ်ထားကာ ရင်တွေတော့တုန်နေ၏။ တစ်ယောက်ထဲထွက်လာရတဲ့သူက ဒီမှာဘာတွေများဖြစ်မလဲဆိုတော့အတွေးက ရပ်တန့်လို့မရပေ။
Part 2
Mulai dari awal
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)