>>>>>>>>>>>
<<<<<<<<<<<

မျက်စိလည်လမ်းမှားပြီးရောက်ခဲ့တဲ့ဒီနေရာမှာ အစ်ကိုကသူ့ကိုစောင့်နေပါလို့ပြောခဲ့တာ။ သူဒီကိုရောက်တာ သိပ်မကြာသေးသလို ဘယ်ကိုမှမသွားတတ်ဘူး။ မြို့ထဲနဲ့အလှမ်းဝေးပြီး မြို့ပြင်ခပ်လှမ်းလှမ်းမှာရှိတဲ့ဒီအိမ်မှာအစ်ကိုသူ့ကိုခဏနေဖို့ပြောတာဖြစ်သလို နောက်ဆုံးအဆက်အသွယ်ရတာကလည်း ပြီးခဲ့တဲ့ တစ်ပတ်ကျော်က။ သူ့ကိုလာခေါ်မယ် စောင့်နေဖို့ပြောလို့ သူ့မှာပါလာတဲ့အဝတ်အစားတစ်ချို့ကို ထုတ်ပိုးပြီးစောင့်နေပေမယ့် အစ်ကိုက ၁၀ ရက်လောက်ရှိပြီပေါ်မလာဘူး။ သူသွားတတ်တာဆိုလို့ ဒီနားလမ်းဘေးမှာရောင်းနေတဲ့ဈေးသယ်တွေဆီကိုပဲဖြစ်ကာ ထမင်းဟင်းချက်စားဖို့လောက်ပဲဖြစ်သည်။ တစ်ခါတော့ သူရန်ကုန်ဆိုတဲ့မြို့ထဲကိုရောက်ဖူးပါသည်။ အစ်ကိုက သူ့ဆီကို taxi တစ်စီးလွှတ်ပြီးမြို့ထဲမှာ သူလိုချင်တာတွေဝယ်ဖို့ ပြောခဲ့တာ။ ပြောခဲ့တာလို့သုံးနှုန်းတာထက် taxi မောင်းတဲ့အစ်ကိုကို သူကဘာတွေလိုလဲပြောပြပြီး ထိုအစ်ကိုပဲအားလုံးကိုလိုက်ဝယ်ပေးခဲ့ပြီးပြန်ပို့ခဲ့တာလို့ပြောရမှာဖြစ်သည်။ လက်ထဲက key pad ဖုန်းလေးကဘယ်ကိုဆက်သွယ်လို့ဆက်သွယ်ရမှန်းမသိ။ အစ်ကိုဖုန်းကိုဆက်ကြည့်တော့လည်း တပ်ဆင်ထားခြင်းမရှိပါဆိုတော့ ဘာလုပ်ရမှန်းမသိ။ သူ့မှာအစ်ကိုပေးထားတဲ့ပိုက်ဆံတွေတော့ရှိပါတယ်။ ရွာကနေရုတ်တရက် ဒီကိုတက်လာတဲ့သူက တစ်ခါတလေအစ်ကိုလာတွေ့တာကလွဲပြီး သူဘယ်မှသွားဖူးတာမရှိ။ သူဝါသနာပါတဲ့ မိတ်ကပ်ပိုင်းဆိုင်ရာကို အစ်ကိုကထားပေးမယ်လည်းပြောသည်။ ဒါပေမယ့် အခုသူအားကိုးရတဲ့အစ်ကိုက ဘယ်မှာဲ။

"ရူးချင်တယ် ဘယ်လိုဆက်သွယ်ရမှာလဲမသိဘူး"

စကားလုံးတစ်လုံးချင်းက ပြတ်ပြတ်သားသားထွက်လာပြီး တည်ငြိမ်နေသည်။ အစ်ကို့အကြောင်းတွေးမိတော့ သူတို့ရွာကိုအလုပ်ကိစ္စနဲ့ရောက်လာတဲ့အစ်ကို့အကြောင်းကို သတိရသွားသည်။ သူ့ကိုမြင်တော့အစ်ကိုက မိန်းကလေးထင်ခဲ့တာ။ နောက်မှယောက်ျားလေးဖြစ်မှန်းသိရော သူ့အနားကိုမကပ်ခဲ့ပေ။ သူကတော့ အားလုံးထင်မြင်သလို အစ်ကိုသူ့ကိုအထင်သေးသွားပြီး သူ့အနားကိုမလာတော့ဘူးလို့ ကောက်ချက်ချခဲ့တာဖြစ်၏။ သို့ပေမယ့် တော်တော်ကြာမှအစ်ကိုကသူ့ဆီကိုပြန်ရောက်လာခဲ့ကာ မင်းကိုဒီစကားပြောဖို့ ကိုယ့်ကိုယ်ကိုယ်တော်တော် ချဉ့်ချိန်စဉ်းစားရတယ်၊ ကိုယ်ဘာလဲပြန်ရှာဖွေရတယ်၊ အရာအားလုံးကို ရင်ဆိုင်ဖို့တွေးရတယ်ဆိုပြီး သူ့ကိုချစ်တယ်လို့ဖွင့်ပြောခဲ့တာဖြစ်သည်။ တစ်ကောင်ကြွက်ဖြစ်တဲ့သူ့ကို အစ်ကိုက အစ်ကိုတစ်ယောက်လိုစောင့်ရှောက်ပေးခဲ့တာ။ အစ်ကိုရွာကိုလာတဲ့အချိန်ဆို သူ့ဖို့ဆိုပြီး အဝတ်အစားတွေပါသည်။ ရွာကအရမ်းခေါင်တော့ အထက်တန်းသာအောင်ပြီး ကျောင်းဆက်မတတ်တဲ့သူက အစ်ကိုရောက်လာမှ ကွန်ပြူတာကိုလည်းမြင်ဖူးတာ။ သူ့စိတ်ဝင်စားမှုကိုလည်း ရှာဖွေနိုင်ခဲ့တာ။ သူ့မှာ key pad ဖုန်းရှိပေမယ့်အစ်ကို့ဆီ ဆက်လို့မရသလို အစ်ကိုကသူ့ကိုဆက်သွယ်ဖို့လဲပေးမထား။ နောက်ဆုံး သူ့ကိုဒီကိုခေါ်လာပြီးမှ အစ်ကို့ဆီကိုဖုန်းဆက်ရင် ဘယ်အချိန်တွေဆက်ဆိုတာမျိုး ပြောပြလို့ သူတို့ညတိုင်းခဏဖြစ်စေ မိနစ်နည်းနည်းကြာကြာလောက်ဖြစ်စေ ဖုန်းပြောဖြစ်သွားတာဖြစ်သည်။ သူ့ထက် ၆ နှစ်ကြီးတဲ့အစ်ကိုက သူ့ကိုအစ်ကိုအရင်းတစ်ယောက်လိုစောင့်ရှောက်ပေးပြီး အခွင့်အရေးယူတာမရှိခဲ့ပေ။ အခွင့်အရေးယူတာမရှိပေမယ့် သူ့ပါးကိုတော့နမ်းသည်။ ဒါက အခွင့်အရေးယူတာ မဟုတ်ဘူးတော့သူသတ်မှတ်ချင်သည်။ သူနဲ့ကိုယ်ချစ်သွားပါပြီဆိုတော့ ပါးလေးတော့နမ်းမှာပေါ့။ တွေးရင်းနဲ့မျက်နှာတွေနီလားပြီ အနည်းပူလာတဲ့သူက ခဏလေးနည်းပြန်မှိုင်သွားပြန်သည်။ အစ်ကို့ကို ဆက်သွယ်မရတာ ၁၀ ရက်ကျော်နေပြီ သူဘာလုပ်ရမှာလဲ။ အစ်ကိုနဲ့ပတ်သက်တာဆိုတော့ ဒီဖုန်းတစ်လုံးပဲသိတာကို အခုတော့ဆက်သွယ်မရဘူးဆိုတော့ ဘယ်လိုလုပ်ရမှန်းမသိတော့ဘူးဖြစ်နေသည်။ နောက်ဆုံးသူဆုံးဖြတ်ချက်ချပြီး လုပ်စရာရှိတာလုပ်မှဖြစ်တော့မှာ။

INDEX [Complete] U+ZDonde viven las historias. Descúbrelo ahora