"အန်တီ ယစ်မူး ခဏခဏလာခဲ့မယ်နော်"
"ကျေးဇူးတင်ပါတယ် သမီးလေးရယ်"
"ဒီလူနဲ့ဒီလူပြောစရာလိုလို့လား အန်တီ၊ အန်တီ့ဘေးမှာ အခုအန်တီ့သားအငယ်ရော ယစ်မူးတို့ရောရှိတယ် ဘာမှအားမငယ်နဲ့နော်"
ယစ်မူး အန်တီ့ကိုနှုတ်ဆက်ပြီးပြန်ဖို့လုပ်လိုက်သည်။ ဝရန်တာဘက်ကိုကြည့်မိတော့ အညွှန်းကိန်းကိုမမြင်ရတော့ပေ။ ဧည့်သည်တစ်ယောက်လုံးရှိတာတောင် အောက်ကိုလုံးဝဆင်းမလာတဲ့ အညွှန်းကိန်းက သူ့အစ်ကိုစရိုက်နဲ့တော့ လုံးဝဆန့်ကျင်နေမှာကို ယစ်မူးရိပ်မိသည်။ ကိုသော်ဝေကိန်းဆို ဒီလိုဘယ်ဟုတ်မလဲ။ ရင်းနှီးတဲ့မိတ်ဆွေဖြစ်ဖြစ် အမေဆီကိုလာတဲ့မိတ်ဆွေဖြစ်ဖြစ် နေကောင်းကျန်းမာမေးပြီး စကားဝိုင်းထဲဝင်ထိန်းတတ်သည်။ ဒါကြောင့်လည်း ကိုသော်ဝေကိန်းကို လူတိုင်းကချစ်ကြတာ။ လတ်တလောမြင်နေရတဲ့ပုံအရ အညွှန်းကိန်းက သူ့အစ်ကိုသော်ဝေကိန်းနဲ့ ဆန့်ကျင်ဘတ်ဖြစ်နေသည်။
လက်ထဲမှာဓါတ်ပုံတစ်ပုံကိုကိုင်ပြီး သူအကြာကြီးထိုင်နေမိသည်။ အစ်ကိုအခန်းကိုဝင်ပြီး အလွမ်းဖြေကာလိုက်ဖွမိတော့ ဘီဒိုထဲတစ်နေရာမှာ ဓါတ်ပုံတစ်ပုံရှိနေတာကိုသူတွေ့လိုက်ရတာ။ အစ်ကို့အခန်းထဲမှာ သူတို့ညီအစ်ကိုနှစ်ယောက် ရိုက်ထားတဲ့ပုံတွေကို သေသေချာချာထုတ်ပြီး ဘောင်လေးထဲထည့်ကာထောင်းထားသည်။ ခြုံကြည့်ရရင် သူတို့မိသားစုတွေပုံကလွဲပြီး ဘယ်သူ့ပုံမှမရှိ။ သို့ပေမယ့် ဖွမိတဲ့သူ့လက်ထဲမှာထူးထူးဆန်းဆန်းဓါတ်ပုံတစ်ပုံကရောက်နေသည်။ ထူးဆန်းတဲ့ဓါတ်ပုံလို့ သူသုံးနှုန်းမှာ။ ဘာဖြစ်လို့လဲဆိုရင် အစ်ကိုပုခုံးဖက်ပြီးရိုက်ထားတဲ့ပုံထဲက မိန်းကလေးကြောင့်။ ဆံပင်တွေစည်းထားပြီး နှာတံသွယ်သွယ်ချွန်ချွန်ဖြစ်ကာ နယ်ဘက်မှာဖြစ်ပုံရသည်။ နောက်ထပ်ထူးဆန်းတာက ယောက်ျားလေး ရှပ်အင်္ကျီအကွက်ကိုဝတ်ထားပြီး ဝတ်ထားတာကထဘီမဟုတ်ပဲပုဆိုးတစ်ထည်ဖြစ်နေတာကြောင့်။ မိန်းကလေးဘာဖြစ်လို့ ယောက်ျားလေးပုဆိုးကိုဝတ်ထားမှာလဲ။ ဒါကဘယ်သူများလဲ၊ ဘာကြောင့်များအစ်ကိုနဲ့ဓါတ်ပုံတစ်ပုံထဲမှာ အတူရှိနေရတာလဲ။ အစ်ကို့ပုံကြည့်ရတာ ဓါတ်ပုံထဲမှာတောင် ပျော်နေတဲ့ပုံကိုမြင်နေရသည်။ ဒီဓါတ်ပုံထဲက မိန်းကလေးကဘယ်သူများလဲ။ အစ်ကိုဖြစ်သွားတဲ့ကိစ္စက ဒီမိန်းကလေးနဲ့ပတ်သက်နေတာလား။ ဒီလိုသာပတ်သက်လို့ကတော့ သူခွင့်လွှတ်မှာမဟုတ်ဘူး။ သူ့ရဲ့အရင်းနှီးဆုံးဖြစ်တဲ့အစ်ကိုကိုသူ့ဆီကဆွဲထုတ်သွားတဲ့ ဘယ်သူ့ကိုမဆို သူခွင့်လွှတ်မှာမဟုတ်ဘူး။ အစကို ဘယ်လိုဆွဲထုတ်ရမလဲ။ မာမီသိနေနိုင်တာလား။ မာမီ့ကိုအစ်ကိုနဲ့ပတ်သက်ပြီးဘာမှမမေးချင်သေးတာက မာမီထပ်ပြီးခံစားနေရမှာကြောင့်မမေးသေးတာ။ အားလုံးနေသားတကျဖြစ်သွားရင်တော့ ကိစ္စအားလုံးကိုသူမေးမှာ။
Part 2
Comenzar desde el principio
![INDEX [Complete] U+Z](https://img.wattpad.com/cover/350038241-64-k316339.jpg)