အတိတ်မှသည်.....💖

6.8K 123 2
                                    


Yo!!

Hosy ပါ။

မတွေ့ရတာကြာပါပြီဗျ။

Fic တစ်ပုဒ် ပြီးအောင်ရေးပြီး တစ်နှစ်လောက်
အနားယူသွားတဲ့သူကိုမြင်ဖူးပါသလား။ဟိုစီပါဗျ။

(Just Kidding😆)

Intro စဝင်ပါ့မယ်ဗျ။

အခု ဟိုစီတင်မယ့် Fic လေးက
ဟိုစီရေးဖူးတဲ့ ပထမဆုံး Fic လေးပါ။
(အရင် Og လိုက်ဖူးတဲ့သူတွေကတော့ သိပေမယ့်ပေါ့နော်။ဒါပေမယ့် အခုက ဇာတ်ကြောင်းကို အကုန်လိုလိုပြန်ပြင်ထားတာမို့ အကုန်လုံး
မပျင်းစေရဘူးလို့ အာမခံပါတယ်။)

အခု ဟိုစီက ဒီ Fic ကိုဘဲ တစိုက်မတ််မတ်လုပ်တော့မှာမို့ တစ်ရက်ခြား (သို့) နှစ်ရက်ခြားတင်ပေးမှာပါနော်။

FIC လေးက အစပိုင်း Part 4 or Part 5 အထိက ငယ်ဘဝအကြောင်းကိုရေးထားမှာဖြစ်ပါတယ်ဗျ။​ပြီးတော့ အခုတည်းက ပြောပါရစေ။
ဟိုစီသည်ပြင်ဦးလွင်ကို တစ်ခါမှမရောက်ဖူးပါ။Dandelion ပန်းသည်လဲ မြန်မာပြည်မှာ ရှိလား။မရှိဘူးလား ဆိုတာကိုလဲ ဟိုစီမသိပါ။

(မရှိဘူးလို့ထင်ပါတယ်။ဘာလို့ဆို Dandelions ပန်းတွေက အပူချိန်လိုက်ပြီး မပေါက်နိုင်လို့ပါ။
ဒါကဟိုစီရှာဖွေထားတဲ့ရလဒ်ကိုကြည့်ပြီး ဟိုစီ့အထင်ပါ။)

ဟိုစီ့စိတ်ကူးထဲကအတိုင်း ဟိုစီ့ဘာသာ ပုံဖော်ပြီးရေးထားတာမို့ အမြင်မတူတာတွေရှိကောင်းရှိနိုင်တာမို့ ကြိုပြီးတောင်းပန်ပါတယ်ဗျ။ထို့အပြင်
ဟိုစီသည် နိုင်ငံရေးကောင်းလျှင်သာဆိုသည့်စိတ်ဖြင့်သာရေးထားခြင်းဖြစ်ပါသည်။နောက်ဆုံးတစ်ခုကတော့ FIC ကို FIC အတိုင်းသာ ဖတ်ခိုင်းစေချင်ပါတယ်ဗျ။

ကဲ ဒါဖြင့် နဂိုလိုဘဲ စကားပြောသလို ဟိုစီ့ Fic လေးကို စပါမယ်ဗျ။

သူ့နာမည်က နော်အလကာ်။
ဦးနော်ထက်လွင်ရဲ့ တစ်ဦးတည်းသောသား။
ငယ်ငယ်တည်း အမေဆုံးသွားတာဖြစ်ပြီး
ဖခင်ဖြစ်သူက အိမ်ထောင်အသစ်ပြုလိုက်တာကြောင့် ​ရန်ကုန်မှာမနေချင်တော့တဲ့အနေထားဖြစ်လာခဲ့တယ်။မိထွေးဆိုပေမယ့်
နော်အလ်ကာက ​ဒေါ်ခက်သာကိုမိခင်ရင်းလို သဘောထားတယ်။အမြဲတမ်း နွေးထွေးပြီး သူ့ကိုအမြဲဂရုစိုက်တတ်တဲ့သူမို့ နော်အလကာ် သူမကို မိခင်အရင်းလိုသာ သဘောထားသည်။ဒါ​ပေမယ့် သူမနဲ့ သူမနဲ့အတူပါလာတဲ့ သူ့ထက် 5 နှစ်ငယ်တဲ့ ဒေါ်ခက်သာရဲ့ သားကိုတော့ သူ့ရဲ့စိတ်ခံစားချက်အမှန်ကို ထုတ်မ​​​​ပြခဲ့ပါ​။ဒါပေမယ့်လဲ ထိုသူ့ကြောင့်ဘဲ သူ့ရဲ့ အိမ်မက်တွေကိုပြောင်းလဲခဲ့တယ်။
ကျန်တာကိုတော့ Onging လိုက်ရင်း ဆက်ဖတ်ပေါ့ကွယ်။

အတိတ်မှသည်......Unde poveștirile trăiesc. Descoperă acum