“ရှယွင်နဲ့ငါနဲ့ မိတ်ကပ်လိမ်းနေရလို့လေ”

ယွီအန်းယီက ရှင်းပြသည်။

“ငါတို့က နင်တို့လို ယောက်ျားလေးတွေနဲ့ တူတယ်လို့ ထင်နေတာလား? ဘာပြဿနာကြီးကြီးမားမားမှမရှိရင် ငါတို့က အပြင်မထွက်ခင် ဆံပင်နဲ့မိတ်ကပ်ကို မလုပ်လို့ကို မရဘူး”

ကျိချင်းကျိုးက အတိုလေးဝတ်ထားသည့် ယွီအန်းယီကို ကြည့်ကာပြုံးလိုက်မိသည်။

“မင်းရဲ့စကတ်တွေ ဘောင်းဘီအတိုလေးတွေ မဝတ်ခဲ့ဘူးလား”

ယွီအန်းယီက သူမအင်ကျီတွေကို ပြန်ကြည့်ကာ-

“ငါ ဘာမဆို ဝတ်နိုင်ပေမယ့် နင်တို့က အထူးတလည်ကို သတိပေးနေတော့ နင်တို့ကို မျက်နှာသာပေးရတယ်လေ”

“ဪ ဒါဆို ငါတို့မျက်နှာ အတော်ကြီးတာဘဲ”

“ဒါပေါ့” ယွီအန်းယီက ရယ်လေသည်။

တင်ဆက်သူသည် အချိန်ကျပြီဖြစ်သလို လူတိုင်းလည်း ရောက်နေကြပြီဖြစ်၍ တရားဝင်ရိုက်ကူးရေးစတင်လိုက်တော့သည်။

“မင်းတို့ အိမ်တွေကို ကြည့်ပြီးပြီဆိုတော့ အိမ်ထဲမှာ ရေမရှိမှန်း မြင်ခဲ့ကြတယ်မဟုတ်လား? ဟုတ်ပါတယ်။ဒီတစ်ခါတာဝန်က ရေသယ်ခြင်းဖြစ်ပါတယ်။ဧည့်သည်တို့ အဖွဲ့ခြောက်ဖွဲ့က အတူတူစတင်ကြရမှာဖြစ်ပြီး  ရေခြောက်ပုံးသယ်ရာမှာ ဘယ်အုပ်စုမဆို အရင်သယ်နိုင်တဲ့သူက အနိုင်ရသွားမှာပါ။အနိုင်ရတဲ့အဖွဲ့က နောက်ဆုံးအဖွဲ့ရဲ့ ရေပုံးကို ယူလို့ရမှာပါ။ဧည့်သည်ခြောက်ဖွဲ့ထဲကမှ ယွီအန်းယီနဲ့ကွမ်းရှယင်တို့အဖွဲ့က နှစ်ယောက်လုံး မိန်းကလေးတွေဖြစ်၍ အကူအညီတောင်ဖို့ ယောက်ျားလေးဘက်ကို မေးပြီး ယာယီအဖွဲ့တစ်ခုဖွဲ့လို့ရပါတယ်”

ဒီလိုမျိုးဖြစ်လိမ့်မည်ဟုယွီအန်းယီမထင်မှတ်ထားခဲ့။သူမစကားဆိုရန်ပြင်လိုက်ချိန် လျန်ကျင်းရှင်ဘက်က စကမ်းလှမ်းတဲ့အသံကို ကြားလိုက်ရသည်။

“ကိုယ်ကူပေးမယ်”

ယွီအန်းယီ : ???!!!!

ယွီအန်းယီက ကျိချင်းကျိုးကို တည်ငြိမ်စွာကြည့်ပြီ ကသုတ်ကရုတ် အရိပ်အမြွက်ပေးသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now