Unicode
တစ်ဖက်လူ၏နူးညံ့ကြင်နာလှသော စကားတွေအား နားဆင်ပြီးနောက် လော့ယွီရှင်းကို တစ်ဖက်လူပြောခဲ့သည့် အကြောင်းအားတွေး၍ မေးလိုက်သည်။
“တစ်ခြားဘာထပ်ပြောခဲ့သေးလဲ”
“တစ်ခြားတော့ဘာမှမပြောခဲ့ပါဘူး။အာ...မင်းက ကိုယ့်စာဝါငှက်လေးမဟုတ်ဘူးလို့ ပြောဖြစ်ခဲ့သေးတယ်။အဲ့စကားတွေက မင်းဂုဏ်သတင်းတွက် မကောင်းဘူးလေ။သူအပြင်မှာပေါက်ကရတွေလျှောက်ပြောမှာစိုးရိမ်လို့အမှန်ပြင်ပေးလိုက်တယ်။ပြီးတော့ ယွမ်သုံးသောင်းကို ကိုယ်ဘယ်လိုသုံးခဲ့လဲဆိုတာပါပြောပြလိုက်တာ။ကိုယ်အရမ်းပျော်တာပဲ အထူးသဖြင့် ကိုယ်ပြောချင်တဲ့အရာပြောလိုက်ရတယ်လေ။”
ကျိချင်းကျိုး တီးတိုးရွေရွတ်လိုက်၏။
“အဲ့တော့ ကျွန်တော်တို့ ပတ်သတ်မှုကို ခင်ဗျားငြင်းခဲ့တာက ကျွန်တော့်ဂုဏ်သတင်းကောင်းဖို့အတွက်လား”
ချူချန်သည် သူ့လက်တွေဖြင့် လူအား ရစ်သိုင်းထားလျက် နမ်းလိုက်သည်။
“ကိုယ်တို့ဘာမှမလုပ်ခဲ့ဖူးတာပဲလေ”
ချူချန်က ညင်သာသောအသံဖြင့်ပြန်ဖြေလာပါသည်။
“မင်းရဲ့ပုံရိပ်က အရမ်းကောင်းမွန်တယ်။အရမ်းဖြူစင်တယ်။အရမ်းသန့်ရှင်းတယ်။ငယ်ရွယ်တက်ကြွမှုကလည်း အပြည့်ပဲ။တကယ်လို့ ဒီလိုမျိုး သတင်းထွက်သွားရင် မင်းကို ထိခိုက်စေမှာ”
ချူချန်ကိုကြည့်နေပါသော ကျိချင်းကျိုးစိတ်ထဲမှာ အခုချိန် ဘယ်လိုတွေခံစားနေရသလဲတောင်မပြောပြတတ်။သူခေါင်းသာညိမ့်ပြီး စကားမဆိုတော့ချေ။
သူစိတ်အခြေအနေမကောင်းတာကို ချူချန်ခံစားမိသွားရကာ-
“ဘာလို့လဲ? ဝမ်းနည်းနေတုန်းပဲလား?”
“ဟင့်အင်း”
ကျိချင်းကျိုးတစ်ယောက် ဖျစ်ညှစ်ပြုံးလိုက်ပြီး-
“ခင်ဗျားတွက် မတန်ဘူးလို့တွေးမိရုံတင်ပါ။ခင်ဗျားကျ ကျွန်တော့်အကြောင်း ဂရုစိုက်ပေးတယ်။တွေးပူပေးတယ်။စဉ်းစားပေးတယ်။အရင်းအနှီးတွေရော ပိုက်ဆံတွေပါပေးတယ်။ဒါပေမယ့် ကျွန်တော်ကျ ခင်ဗျားပေါ်ဘာမှပြန်မလုပ်ပေးနိုင်ဘူးထင်လို့ပါ”
YOU ARE READING
ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]
RomanceType Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Transmigrated as The Villain President's Lover Xuyên Thành Tiểu Tình Nhân Của Tổng Tài Hệ Phản Diện 穿成反派...