Unicode
မကြာမီပင် သူ့လက်ထောက်က ကျိချင်းကျိူး ရိုက်ကူးရေးလုပ်နေသည့် နေရာအား လှမ်းပို့လာသည်။ ရှန်းဝမ့်ရှီတစ်ချက်ကြည့်လိုက်ချိန် အဆင်သင့်နေကြောင်းတွေ့လိုက်ရ၏။ဘေးမြို့ကဖြစ်၍ လက်ထောက်အား မနက်ဖြန် သူလုပ်ရမည့် ကိစ္စတွေကို နောက်ဆုတ်ခိုင်းပြီး မနက်ဖြန် ကျိချင်းကျိုးဆီသွားဖို့ ပြင်လိုက်တော့သည်။သူမယုံကြည်နိုင်ပေ။ သူတို့အားလုံး ဒီအသိုင်းဝိုင်းကလူတွေပဲ ဖြစ်၍ ကျိချင်းကျိုး ဆုတွေအားလုံးကို လက်လွှတ်လိုမည်ဟု သူတကယ်မယုံနိုင်ဘူး!?
ရှန်းဝမ့်ရှီသည် နောက်တစ်နေ့မနက် မိုးလင်းတာနဲ့ မနက်စာစားပြီး ထွက်လာခဲ့သည်။ နေရာကလည်း သိပ်မဝေးသဖြင့် လေယာဉ်နဲ့ မသွားတော့ဘဲ ကိုယ့်ဘာသာ ကားမောင်းသွားလိုက်သည်။သုံးနာရီလောက် မောင်းပြီးနောက် ဦးတည်ရာအရပ်ဆီ ရောက်သွားတော့သည်။သူ ကျိုးချန်ဖုန်းဆီ ဖုန်းဆက်လိုက်တယ်။ ကြီးမြတ်တဲ့ ဗုဒ္ဓကြီးက ကျိချင်းကျိုးအတွက် ဒီအထိ ရောက်လာမည်ဟု ကျိုးချန်ဖုန်း မထက်ထားခဲ့။ထို့ကြောင့် အမြန်ပင် ထွက်ကြိုရ၏။
ရှန်းဝမ့်ရှီသည် တလမ်းလုံး သူ့နောက်ကလိုက်သွားလိုက်ရာ မကြာခင် ရိုက်ကူးရေးနေရာသို့ ရောက်သွားခဲ့၏။ကျိချင်းကျိုးက ရိုက်ကူးရေးလုပ်နေဆဲပင်။ သူက ဂစ်တာလေးတစ်လက်ကို ကိုင်ပြီး သစ်ပင်ကို မှီထိုင်နေသည်။ သူ့ရှေ့မှာတော့ ကလေးတစ်ချို့က ပျော်ရွှင်မြူးတူးစွာ ကစားနေကြသည်။ သူသည် ညင်သာစွာ ဂစ်တာတီး၍ "ပိုကောင်းမွန်သည့် မနက်ဖြန်" ဆိုသည့် သီချင်းအား ကလေးတွေကို ဆိုပြနေတာဖြစ်၏။
ရှန်းဝမ့်ရှီရောက်သွားသည့်အချိန်က 'နွေဦးလေပြေလေညင်းလေးက ကြော့မော့ဟန်ကိုနားမလည်နိုင်သလို ဆယ်ကျော်သက်လေးများရဲ့ စိတ်နှလုံးအား မပျက်ပြားစေပါ ' ဆိုသည့်စာသားနေရာလေးဖြစ်နေ၏။
ရှန်းဝမ့်ရှီတစ်ယောက် မဝေးသည့်နေရာလေးမှ နားထောင်းရင်း အသံလည်း ကောင်းသေးသည့် ကောင်လေးကြောင့် နည်းနည်းအံ့ဩသွား၏။သူသည် ကျိချင်းကျိုးတစ်ယောက် ကလေးတွေကို ပြုံးကြည့်၍ သီချင်းဆိုနေတာကိုရော သီချင်းအဆုံး၌ သူ့ရှေ့မှ ကလေးတွေကို မေးလိုက်သည့် စကားကိုပါ ကြားလိုက်ရ၏။
YOU ARE READING
ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]
RomanceType Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47 extras (completed) Associated Names Transmigrated as The Villain President's Lover Xuyên Thành Tiểu Tình Nhân Của Tổng Tài Hệ Phản Diện 穿成反派...