{108}

5K 936 49
                                    


Unicode

{ဟိုနေ့က ကျိုးကျိုးတို့ကား ရင်းနှီးမြှုပ်နှံသူကို E-trans မှာ ဖန်ယောင်ရွှမ်းရဲ့ ယောင်ဖလို့ သုံးထားသည့်အတွက် ယောက်ဖနဲ့သုံးလိုက်ပါတယ်။အမှန်က ဦးလေးပါတဲ့}

အဲ့အချိန်တုန်းက ကျိချင်းကျိုးက သူ့ကိုသဘောကျနေတာလို့ပဲ သူအမြဲထင်ခဲ့တာ။မဟုတ်ရင် ကျိချင်းကျိုးက ဘယ်လိုလုပ်ပြီး ချူချန်မသိအောင် သူ့ကို တွဲမှာလဲ။ဒါပေမယ့် အခုကျိချင်းကျိုးပြောလာတာကျတော့ ချူချန်ရဲ့ အာရုံကို ဆွဲဆောင်ဖို့ သူ့ကို အထောက်အကူပစ္စည်းသာသာသုံးခဲ့တာလို့လား။ဖန်ယောင်ရွှမ်းမယုံနိုင်ဘူး။

“ထပ်ပြောလိုက်စမ်း!”

“လုပ်စမ်းပါ။မင်းရောငါရောလိုချင်တာ ရခဲ့ကြတာပဲမလား။မင်းက ငါ့ကို လော့ယွီရှင်းနဲ့ဆင်တယ်လို့ထင်ပြီး အစားထိုးချင်တယ်။ငါကလည်း အဲ့အချိန်က ချူချန်နဲ့ အတူရှိချင်နေတာ။ဒါပေမယ့် ငါ သူ့ဆီကပိုက်ဆံချေးထားတာမို့ သူက ငါ့ကို လုံးလုံး အာရုံမရှိဘူးလေ။အဲ့တာကြောင့် ငါက မင်းနဲ့ ပေါင်းပြီး သရုပ်ဆောင်လိုက်တာ။မင်းကအခုမှ ဒီလိုအမူအရာမျိုးလာလုပ်နေလို့ရမလား။မင်းဘာသာ ငါ့ဆီအရင်ကပ်ပြီး အစားထိုးချင်တာနော်။ဟုတ်တယ်မလား။ငါကတော့ အခြေအနေကို အမိအရအခွင့်အရေးယူလိုက်ရုံပဲ။ကိစ္စတိုင်း မင်းဘက်စလာတာချည်းပဲ။ ဟုတ်လား မဟုတ်ဘူးလားပြော”

ဖန်ယောင်ရွှမ်းသည် တစ်ဖက်လူရဲ့ ပခုံးအား ဖိညှစ်ရန်လုပ်လိုက်ပေမယ့် ကျိချင်းကျိုးက အာရုံလျင်လျင်ထားထားသူဖြစ်၍ သူအနားကပ်လာတာနဲ့ ထိုလူ့လက်ကို ရိုက်ချပြီး ခြေထောက်နဲ့ ဆောင့်ကန်လိုက်သည်။ ဖန်ယောင်ရွှမ်းတစ်ယောက် ဗိုက်ကို ဖိအုပ်လိုက်ရသည်။ကျိချင်းကျိုးကတော့ ချက်ချင်း ကျိုးချန်ဖုန်းဘက်ကို ဆုတ်သွားလေသည်။

သူတို့ဘာတွေပြောနေကြမှန်း စွင်းယင် နားမလည်ပေမယ့် ရန်ဖြစ်နေကြတာလည်းမြင်ရော ဖန်ယောင်ရွှမ်းကို မြန်မြန်တွဲပေးထားပြီး ကျိချင်းကျိုးကို မာန်မဲလာသည်။

“မင်းဘာလုပ်တာလဲ ကျိချင်းကျိုး!”

“သူခုနကဘာလုပ်ချင်နေတာလဲဆိုတာကျတော့မမေးဘူးလား။”

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now