{19}

8.5K 1.3K 79
                                    


Unicode

ကျိချင်းကျိုးသည် ချူချန်ပြောတဲ့အတိုင်း ကုတ်အင်္ကျီကိုယူပြီး ဓာတ်ဘူးထဲရေနွေးဖြည့်ပြီးမှသွားလိုက်သည်။မြောက်ပိုင်းညတွေကအနည်းငယ်အေးသဖြင့် ဟိုတယ်ကမထွက်ခင် ကုတ်အင်္ကျီလေးအရင်ဝတ်ထားလိုက်သည်။
ရှောင်ချန်းက စိတ်အားထက်သန်စွာပြောလာသည်။

"အစ်ကိုကျိက အရမ်းတွေးတတ်တာပဲ…ကျွန်တော်ဆို အနွေးထည်ယူဖို့ဘယ်တုန်းကမှမတွေးမိဖူးဘူး…အစ်ကိုသာသတိမပေးလို့ကတော့ ကျွန်တော်အေးခဲသွားလောက်ပြီ"

ကျိချင်းကျိုးလည်း သူဘာသာ တွက်ထားတာမဟုတ်သဖြင့် ပြုံးပြုံးလေးပြောလိုက်သည်။

"ငါလည်း သတိပေးခံရတာ"

"ဘယ်သူလဲ အစ်ကိုကျိုးလား"

ကျိုးချန်ဖုန်းက ခဏလေးထွက်သွားတာဖြစ်သော်လည်း ကျိချင်းကျိုးရဲ့အစီစဉ်တွေအားလုံးကိုမှတ်မိနေဆဲဖြစ်ပြီး ကျိချင်းကျိုးနဲ့ရှောင်ချန်အား WeChat ရောဖုန်းကပါ တစ်ချို့ကိစ္စလေးတွေးကိုလှမ်းပြီးသတိပေးနေသေးသည်။

ကျိချင်းကျိုး ခေါင်းခါပြလိုက်သည်။

"ဒါဆိုဘယ်သူလဲ"
ရှောင်ချန်းက ပဟေဋိဖြစ်နေခဲ့တယ်။

"မိသားစုဝင်ထဲကလား"

ကျိချင်းကျိုးနဲ့ချူချန်ရဲ့ဆက်ဆံရေးက တကယ့်ကို အဓိပ္ပါယ်ဖွင့်ဆိုရင်ခက်လှသဖြင့် ခဏလောက်စဉ်းစားလိုက်သော်လည်း ပြန်မဖြေခဲ့ပေ။
"သွားရအောင်" လို့သာပြောလိုက်သည်။

ဆယ်နှစ်နာရီထိုးခါနီးမှာတော့ ချူချန်အိမ်ပြန်ရောက်လာခဲ့သည်။ကျိချင်းကျိုးအား WeChat ကနေစာတစ်စောင်လှမ်းပို့လိုက်ပြီး ကျိချင်းကျိုးကလည်း ပြန်ပို့လာသည်။

{စောစောအိပ်ရာဝင်ပါ}

ချူချန် နည်းနည်းတော့အံဩသွားမိတယ်

{ကိုယ့်စာကိုပြန်ပို့‌နေသေးတယ်ဆိုတော့ ရိုက်ကူးရေးမပြီးသေးတာလား}

{စောင့်နေတာ}
ကျိချင်းကျိုးပြန်ပြောလိုက်သည်။

{ကျွန်တော့်အလှည့်မရောက်သေးဘူး}

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now