{37}

6K 932 107
                                    

《နှင်းဆီဖြူနဲ့ကြာပန်းဖြူ》

Unicode

စွင်းယင်သည် ချူချန် နံပါတ်သုံးအရံနေရာကပါဝင်မည့်အကြောင်းအား ဖန်ယောင်ရွှမ်းဆီပြောပြလာတော့ လုံးလုံးမယုံကြည်နိုင်တဲ့သူက ဖန်ယောင်ရွှမ်းပင်။သူဖုန်းဖွင့်ပြီး Weibo ပေါ်တက်လိုက်မှ 《ချစ်သူ့ကဗျာများမှမြတ်နိုးသောစာမျက်နှာ》ရဲ့ တရားဝင်ဘလော့အောက်က ချူချန်ရဲ့ပုံ‌တွေမြင်မှသာ ယုံကြည်လိုက်ရသည်။ချူချန် ရုတ်တရက်ကြီးဘာလို့ဇာတ်ကားရိုက်ချင်လာလဲ ဖန်ယောင်ရွှမ်းနားမလည်နိုင်ခဲ့။ပြီးတော့ သူနားမလည်နိုင်တာရှိသေးတယ်။ ရိုက်ကူးရေးအဖွဲ့က သူကိုမရွေးဘဲ နာမည်လည်းမရှိတစ်ခါမှသရုပ်‌မဆောင်ဖူးတဲ့ ချူချန်ကိုဘာလို့ရွေးကြရတာလဲ...

ဖန်ယောင်ရွှမ်းသည် အေ့ဂျင့်အား ဒါရိုက်တာထံဖုန်းဆက်ပြီးမေးခိုင်းလိုက်သည်။ ဒါရိုက်တာကလည်း ဘယ်လိုမှမရတော့ပြန်ဖြေလာပေမယ့် ရင်းနှီးမြှုပ်နှံသူက ညွှန်းပေးထားတဲ့လူလို့သာပြောလာ၏။စွင်းယင်က ဆူပူအော်ဟစ်လာသည်။

{အဲ့ရင်းနှီးမြှုပ်နှံသူကရူးနေတာလား ငါတို့မိသားစုက ယောင်ရွှမ်းကိုမသုံးဘဲ အသုံးမကျတဲ့သူကိုသုံးတယ်!!}

ဒါရိုက်တာဘက်က ခဏလောက်တိတ်ဆိတ်သွားပြီးပြန်ဖြေလာသည်။

{ရင်းနှီးမြှုပ်နှံသူက သူပဲလေ}

စွင်းယင်ကပါ အတန်ကြာ ကြက်သေသေသွားပြီးမှ နားလည်သွားခဲ့သည်။ ချူချန်က ဒီဇာတ်ကားရဲ့ ရင်းနှီးမြှုပ်နှံသူပဲ။ သူမ ဖန်ယောင်ရွှမ်းဆီပြောပြလိုက်သည်။

ဖန်ယောင်ရွှမ်းသည် အရှေ့ရှိထိုင်ခုံအားဆောင့်ကန်ချလိုက်သဖြင့် "ဘန်း ! " ခနဲအသံကြီးထွက်ပေါ်လာခဲ့သည်။

ချူချန်က ဒီဇာတ်ကားရဲ့ ရင်းနှီးမြှုပ်နှံသူဖြစ်နိုင်တာကို သူမတွေးခဲ့မိဘူး!!!

ဖန်ယောင်ရွှမ်းသည် ဒေါသကြောင့် အံတင်းတင်းကြိတ်လိုက်၏။

ရိုက်ကူးရေးအဖွဲ့က သုံးလေးယောက်လောက်ဖယ်ထုတ်ခံလိုက်ရတာ အံ့ဩစရာမရှိတော့ပါဘူး !

သူ့ဘက်က အရင်ကမ်းလှမ်းတာကိုငြင်းခဲ့ကြတာလည်း အံ့ဩစရာမရှိတော့ပါဘူး !

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now