“ထားလိုက်ပါတော့”

ကျိချင်းကျိုး ဆက်နား‌မထောင်နိုင်တော့ပေ။

”ကောတို့က ကျွန်တော့်အိမ်ကို မမြင်ဖူးလို့သာ။မြင်ဖူးရင် ကောတို့ ဒီလိုပြောနိုင်တော့မှာ မဟုတ်ဘူး။တကယ်! ကျွန်တော် ကျိန်ရဲတယ်။အဲ့အိမ်ထက် ပိုပြီး ယိုယွင်းတဲ့အိမ်ဆိုတာ မရှိတော့ဘူး။မိုးရွာမှာပဲ တွေးပူမိတယ်။ဘယ်သူမှ သူတို့ကိုယ်သူတို့ ငါးမဖြစ်ချင်ကြဘူးလေ”

[ငါး - ရေထဲလက်ပစ်ကူး]

“တကယ်ဆိုးဆိုးရွားရွားကြီး ပေါက်နေတာလား”

မုန့်ယွမ်ပိုင်က သူခုန ချဲ့ကားပြောထားတာကို တွေးကြည့်ကာ-

“အဲ့ဒါဆို ဘာလုပ်ရမလဲသိအောင် ရိုက်ကူးရေးအဖွဲ့ကို  ကြိုပြင်ပေးထားဖို့ပြောလိုက်လေ”

“ဒီအပိုင်းပြီးတဲ့ထိ စောင့်မို့”

သူတို့စကားပြောနေကြစဉ် လီယိမင်နဲ့ရန်ကျန်းတို့ ရောက်လာကြသည်။လီယိမင်က အိမ်အကြောင်း ပွစိပွစိပြောနေသော သူတို့ကို တွေ့တော့ အံ့ဩတကြီးထုတ်မေးလာသည်။

“မင်းတို့အိမ်တွေလည်း မကောင်းဘူးလား? ငါတို့အိမ်လည်း တူတူပဲ!”

ရန်ကျန်းက သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။တကယ်ဆို သူမတို့အိမ်လည်း မကောင်းပေ။ထို့ကြောင့် သူမယောက်ျားက မကျေမနပ်ဖြစ်နေသဖြင့် သူမဝင်ပြောဖို့ ရှက်ရွံ့သွားကာ စကားမဆိုတော့ပေ။

ယွီအန်းယီ၊လျှို့ကျစ်ထုန်နဲ့တစ်ခြားသူတွေလည်း အလျှိုလျှိုရောက်လာကြသည်။ယွီအန်းယီမှာ နောက်ကျမှာ စိုးသဖြင့် သူမနဲ့ကွမ်းရှယွင်တို့ တစ်လမ်းလုံး အပြေးလာကြတာဖြစ်သည်။

“မင်းတို့ဘာလို့ ဒီဘောက်နှေးတာလဲ”
ချူချန်က နားမလည်သလိုမေးသည်။

မုန့်ယွမ်ပိုင်က ယွီအန်းယီရဲ့နောက်ခံကိုမသိသဖြင့် ယွီအန်းယီနဲ့ချူချန်တို့ ဆက်ဆံရေးကိုလည်း မသိပေ။ထို့ကြောင့် ယွီအန်းယီကို ဒီလိုစကားပြောရဲတဲ့အတွက် အံ့ဩစရာကြီးဖြစ်နေသည်။ဒါပေမယ့် ဒုတိယအတွေးကတော့ ဟုတ်ပါရဲ့ ချူချန်က ရှီးယွီသူဌေးနဲ့ တစ်ခုခုဆိုတော့ ယွီအန်းယီက ရှီးယွီလက်အောက်ခံ အနုပညာရှင်ဖြစ်၍ ယွီအန်းယီပြဿနာမရှာသင့်ဘူးလို့ သူထင်သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now