“အွန်း”

လူနှစ်ယောက်က အိမ်ပြင်ထွက်ကာ စုဝေးကြမည့်နေရာဆီ ဦးတည်လိုက်ကြသည်။

သူတို့က အစောဆုံးပင်။သိပ်မကြာခင် လျန်ကျင်းရှင်နဲ့နောက်လူတွေ ရောက်လာကြသည်။မုန့်ယွမ်ပိုင်က သူ့ကို မြင်တာနဲ့-
“မင်းတို့အိမ်ဘယ်လိုနေလဲ? ရေခဲသေတ္တာထဲမှာ ပစ္စည်းတွေ အများကြီး ရှိတာဆိုတော့ ကြီးကျယ်ခမ်းနားတဲ့ စံအိမ်ကြီးပဲဖြစ်ရမယ် ဟုတ်တယ်မလား?”

“ခေါက်မိုးအပေါက်နဲ့အခန်းလွတ်ကြီး။အဲ့မှာ ရေခဲသေတ္တာပဲရှိတယ်။ဒါပေမယ့် အဲ့အိမ်ဒီဇိုင်းနဲ့ရေခဲသေတ္တာက လုံးဝကို လိုက်ဖက်မနေတာနော်။ကောတို့ကရော?”

“ပြောမနေပါ‌နဲ့တော့”

မုန့်ယွမ်ပိုင် ဝမ်းနည်းလာသည်။

“အိမ်က ပုစိလေးနဲ့ ယိုင်နဲ့နေတာများ။အားလုံးပေါင်းမှ အိပ်ရာလေးတစ်ခုပဲရှိတယ်။အဲ့အိပ်ရာကလည်း ၁.၃၄မီတာလောက်ပဲ ကျယ်မှာကွာ။ငါနဲ့ လျန်ကျင်းရှင်နဲ့ ဘေးတိုက်လှဲရင်တောင်ငါ့မှာ ဟိုဘက်ဒီဘက် မရွှေ့ရဲဘူး”

ထိုစကားကြားပြီး မနာလို ဖြစ်နေသူက ချူချန်ပင်။သူနဲ့ကျိချင်းကျိုးက အခန်းထဲမှာ တစ်အိပ်ရာတည်း အိပ်ကြရမည်ဆိုပေမယ့် အဲ့အိပ်ရာက မုန့်ယွမ်ပိုင်တို့ အိပ်ရာထက်ကြီးနေသည်လေ။၁.၈မီတာလောက်ရှိမည်။
အဲ့လောက်ကြီးတဲ့အိပ်ရာကြီး ဘာလုပ်ဖို့လဲနော့?
သူတို့ကြားက အကွားအဝေးကို ခြားပစ်မလို့လားပဲ? !

“အဲ့ဒါဆို ငါတို့ချင်း အိပ်ရာလဲလိုက်ကြမယ်‌လေ” ချူချန်ကဝင်ပြောသည်။

“ဒါပေမယ့် ရိုက်ကူးရေးအဖွဲ့က လဲခွင့်ပေးပါ့မလားဘဲ”

“မင်းက ငါနဲ့အိမ်ချင်းလဲချင်တာလား?”

မုန့်ယွမ်ပိုင်က မယုံနိုင်ဖြစ်နေသည်။ ထို့နောက် လျန်ကျင်းရှင်ဘက်ကြည့်ကာ-

“မင်းကြားလိုက်တယ်မလား? ငါတို့အိမ်နဲ့ လဲချင်တဲ့လူရှိသေးတာပဲကွ။ဟုတ်တယ်မလား”

လျန်ကျင်းရှင်မှာလည်း အထွေအထူးပြောစရာမရှိတော့။ သူ မုန့်ယွမ်ပိုင်နဲ့ အဲ့လောက်သေးတဲ့အိပ်ရာလေးမှာ ကြပ်သပ်မအိပ်ချင်တော့ပေ။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now