ချူချန်က မင်းကိုယ့်ကို နောက်နေတာလား ဆိုတဲ့အကြည့်ဖြင့် သူ့ကိုကြည့်သည်။စိတ်ကူးယဉ်စာရေးဆရာတစ်ယောက်အနေနဲ့ ဝတ္ထုအတွက် ဉာဏ်ကွတ်မြူးဖို့ ဒါကိုလုပ်ချင်လိမ့်မယ်တဲ့လား? ပြီးတော့ သူက စာရေးတာ ရပ်နားလိုက်ပြီနော်။အိုကေလား? !

“နောက်ပိုင်း ကိုယ်တော့ သဘာဝကျတဲ့ စာပေအမျိုးအစားမျိုး အလေးအနက်ထားပြီး ရေးမိတော့မယ်ထင်တယ်” ချူချန်က ခံစားချက် အပြည့်ဖြင့် ပြန်ပြောသည်။

“လာပါ အထဲဝင်ပြီး ကျွန်တော်တို့ရဲ့ reality လေးကို သွားကြည့်ကြရအောင်” ကျိချင်းကျိုးက ပြောရင်း အိမ်ထဲအရင်ဝင်သွားသည်။

ဒီအိမ်က ရွာထဲမှ တစ်ခြား အိမ်တွေနဲ့မတူပါ။အုတ်နဲ့မဟုတ်ဘဲ သစ်သားနဲ့ဆောက်ထားသည်။ခေါင်မိုးမှာလည်း သစ်သားစကျိုးထွက်သွားသည့် အပေါက်အကြီးကြီးရှိနေကာ ထိုအပေါက်မှ အလင်းတွေက အိမ်ထဲ တိုက်ရိုက်ဝင်နေသည်။ကျိချင်းကျိုးက အိမ်မှာ ရပ်နေရင်း ပတ်ပတ်လည်ကို လိုက်ကြည့်မိသည်။တစ်အိမ်လုံးမှာ အခန်းတစ်ခန်းပဲရှိပြီး သစ်သားစားပွဲလေးရယ်၊သစ်သားခုံတန်းရှည်လေးနှစ်ခုရယ် ရေတစ်ခရားရယ် သစ်သားကုတင်ရယ် ဗီရိုလေးရယ်နှင့် ဒီပတ်ဝန်းကျင်အခြေအနေနဲ့ မလိုက်ဖက်လှသည့် ရေခဲသေတ္တာရယ်သာရှိသည်။

“ရေခဲသေတ္တာကို ဒီမှာ ထားရတယ်လို့ သူတို့ ဘယ်လိုစိတ်နဲ့ တွေးလိုက်ကြတာလဲ!?ရိုးရိုးလေးကို နား လည်ရခက်အောင်!”

ဒီရိုက်ကူးရေးအဖွဲ့က ဒုက္ခပေးလွန်းသည်ဟုချူချန်ခံစားနေရပြီ!

“ရောင့်ရဲတတ်အောင်နေပါဗျာ” ကျိချင်းကျိုးကပြောသည်။

“ကျွန်တော်တို့ ဝင်လာတည်းက ဖုန်နံ့မရဘူးလေ။ဒါ ကျွန်တော်တို့မလာခင် ဒီရိုက်ကူးရေးအဖွဲ့တွေ ကြိုရှင်းပေးထားရတယ်ဆိုတဲ့သဘောပဲ။ဒီလောက်နဲ့တင် အရမ်းကောင်းနေပြီဟာ”

“မင်းမှာ အဲ့လောက် လိုအင်ဆန္ဒတွေနိမ့်နေမှတော့ ကောင်းတယ်ပဲပေါ့”

“ဒါမှမဟုတ် ခင်ဗျား အခု သန့်ရှင်းရေးလုပ်ချင်နေတာလား?”

ချူချန် : ......

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now