အပိုင်း(၄၃.၁)

1.7K 252 6
                                    

Unicode.

လင်းကျစ်ရန်သည် ဒီတိုင်းနေရတာငြီးငွေ့လာခဲ့တာကြောင့် ဖန်သားပြင်ကိုဖွင့်ပြီးဇာတ်ညွှန်းကိုဖတ်ကြည့်လိုက်သည်။မူလဇာတ်ကြောင်းကဒီလိုပင်,ယဲ့လျှိုရင်ကလီယဲ့ကိုအယုံသွင်းကာကောင်းကင်မဏ္ဍိုင်အဆောက်အအုံထဲသို့ဝင်ခိုင်းပြီးချိတ်ပိတ်ထားသောစွမ်းအင်အရင်းအမြစ်ကိုဖျက်စီးခိုင်းခဲ့သည်။ထို့နောက်ပြင်းထန်လှတဲ့နတ်ဘုရားစွမ်းအင်များကလီယဲ့ကိုဝါးမျိုသွားခဲ့သည်။ယဲ့လျှိုရင်ကလီယဲ့ကိုအသုံးချပြီစတေးပစ်ဖို့ကြံစည်ခဲ့သည်၊သို့သာ်လီယဲ့ကိုယ်တိုင်ကလည်းထိုသို့လုပ်ဖို့ဆန္ဒရှိနေခဲ့​၏။မူလလီယဲ့မှာဇာတ်ကြောင်းကိုလည်းကြိုမသိ၊သူစည်းတံဆိပ်ကိုဖျက်ဆီးပြီးချိန်တွင်မူယန်ကတဇွတ်ထိုးဝင်ရောက်လာခဲ့ပြီးအသည်းအသန်တားမြစ်တာကြောင့်လီယဲ့လည်းပြန်လည်၍နိုးကြားသွားခဲ့ပြီးယဲ့လျှိုရင်ကိုပြန်လည်တိုက်ခိုက်ကာအတူတူသေပွဲဝင်ခဲ့သည်။

အခုတွင်မူ,ဇာတ်ကြောင်းသွေဖည်သွားခဲ့သည်ဖြစ်ရာလင်းကျစ်ရန်လည်း ကောင်းကင်မဏ္ဍိုင်အဆောက်အုံထဲသို့မဝင်နိုင်တော့ပေ၊ယဲ့လျှိုရင်ကသူ့ကိုမယုံကြည်တော့သောကြောင့် ယဲ့လျှိုရင်နှင့်အသေအကျေ တိုက်ခိုက်ပြီးသေပွဲဝင်ဖို့လည်းမဖြစ်နိုင်တော့ပေ၊သူ့နေရာတွင်မူယန်ကအစားဝင်ရောက်လာခဲ့သည်ပင်။မူယန်ကယဲ့လျှိုရင်ရဲ့ဓါးတစ်လက်ဖြစ်သွားခဲ့သည်။ မူယန်ကရွှမ်းရန်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးကောင်းကင်ကအသိအမှတ်ပြုခြင်းကိုခံရသူပင်။ဒါကြောင့် စည်းတံဆိပ်ကိုဖျက်ဆီးဖို့ပို၍လွယ်ကူပေလိမ့်မည်။လင်းကျစ်ရန်သည် ယဲ့လျှိုရင်ရဲ့အကြံအစည်ကိုခွဲခြမ်းစိတ်ဖြာလိုက်သည်။

ဒီအချိန်တွင်ရွှမ်းရန်မှာအတွင်းစိတ်ရှိမကောင်းဆိုးဝါးနှင့်အားပြိုင်နေရပြီးယဲ့လျှိုရင်ကိုအချိန်မှီရပ်တန့်ဖို့တတ်နိုင်မှာမဟုတ်ပေ၊ချီရန်မသေမျိုးလောကကြီးတစ်ခုလုံးမှာဘေးကျပ်နံကျပ်အခြေအနေသို့ရောက်နေချေ​၏။မိစ္ဆာလောကရဲ့အနွယ်ဖွားတွေကဘယ်လောက်တောင်သန်မာနေမလဲမသိပေမယ့် ထိုစဉ်မြို့ငယ်လေးမှာတုန်းက ဖြစ်ပျက်သွားခဲ့ပုံကိုကြည့်လျှင်မိစ္ဆာတပ်မှုးတွေကနောက်စရာတွေမဟုတ်မှန်းသိသာလွန်းသည်။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now