အပိုင်း(၃၁.၁)

4.6K 766 31
                                    

Unicode.

ရွှမ်းရန်သည် လင်းကျစ်ရန်အား လက်ချောင်းဖြင့် ချိန်ရွယ်ထားပြီး သူ့ခန္ဓာကိုယ်အတွင်း၌ပြင်းထန်စွာရုန်းကန်နေရသကဲ့သို့ပင် လက်ချောင်းများကအနည်းငယ်တုန်ရီသွားခဲ့လေသည်။သူ၏နှဖူး​ပြင်တွင်မူ စိမ်းပြာရောင်သွေးကြောများ ထောင်တက်လာခဲ့ပြီး လက်ချောင်းထိပ်ရှိအေးစက်သော အငွေ့ပါးတစ်ခုက လင်းကျစ်ရန်၏လည်မျိုဆီသို့ ဖြတ်သန်းသွားခဲ့ကာ အနီရောင်အမှတ်အသားတစ်ခုကိုကျန်ရစ်စေခဲ့လျက်။

ဒါကို​မြင်သော် စိတ်ထဲရှိမကောင်းဆိုးဝါး၏ မျက်နှာက လွန်စွာပင်ပျက်ယွင်းသွားခဲ့လေပြီး မျက်ဝန်းများကရှုပ်ထွေးနေကာ သုန်မှုန်သောအသံဖြင့်ဆိုလာခဲ့သည်။ " မင်း လုပ်နိုင်မှာ မဟုတ်ဘူး "

ရွှမ်းရန်၏အသံက အလွန်အေးစက်နေသကဲ့သို့ သူ၏မျက်ဝန်းကလည်း ခက်ထန်နေလျက်။ " ငါအပြစ်မဲ့တဲ့လူတွေကို မနာကျင်စေချင်ဘူး..ဒါပေမယ့် မင်းငါ့ကို ဒီလိုလုပ်ဖို့တွန်းအားပေးနေရင် ဒီလမ်းကိုရွေးဖို့ပဲတတ်နိုင်လိမ့်မယ်..မင်းငါ့ကိုအရှက်ရအောင်လုပ်ဖို့ လုံးဝခွင့်မပြုနိုင်ဘူး "

အတွင်းစိတ်ရှိမကောင်းဆိုးဝါးသည် ရွှမ်းရန်က အလွန် သွေးအေးပြီးအကြင်နာမဲ့ကြောင်းသိထားခဲ့သည့်အလျောက် လင်းကျစ်ရန်၏အသက်ကိုလည်းလောင်းကြေးမထပ်ရဲပါသောကြောင့် လက်လျော့လိုက်ပါတော့သည်။ " ကောင်းပြီ ..ငါ ရပ်မယ်! "

ရွှမ်းရန်က ဒီခန္ဓာကိုယ်၏ ပိုင်ရှင် အစစ်သာဖြစ်သောကြောင့် တကယ်လို့သူက သတ်ပစ်ဖို့ဆုံးဖြတ်ထားလိုက်ပါလျှင် ဘယ်သူမှတားနိုင်လိမ့်မည်မဟုတ်။ စိတ်ထဲရှိမကောင်းဆိုးဝါးက တဖြည်းဖြည်းဆုတ်ခွာသွားခဲ့ရာ ရွှမ်းရန်သည် ခန္ဓာကိုယ်ကိုအပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်လိုက်ပြီးနောက် အေးစက်စွာ ပြောလာခဲ့သည်။ " မင်းပြောခဲ့တဲ့စကားကို မှတ်ထားတာ ကောင်းလိမ့်မယ်..တကယ်လို့ မင်းနောက်တစ်ကြိမ်ဒီလိုမျိုးထပ်လုပ်ရင် ငါသူ့ကိုအရင်ဆုံးသတ်ပစ်မယ်..ဒါဆို မင်းမှာစွဲလမ်းမှုမရှိတော့ဘူး..မင်းကို သန့်စင်ပစ်ဖို့ပိုပြီးလွယ်ကူသွားလိမ့်မယ် "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Unde poveștirile trăiesc. Descoperă acum