အပိုင်း(၃.၁)

7.5K 1.1K 24
                                    

Unicode.

ဆိုးသွမ်းသည့်ဗီလိန်များကို ကြောက်ရန်မလိုအပ်သော်လည်း ချောမောသည့်ဗီလိန်များကိုတော့ ကြောက်သင့်သည်သာ။

ဘယ်လိုတောင် ရည်မွန်တဲ့ ကလိမ်ကကျစ်လဲ!

လင်းကျစ်ရန် သက်ပြင်းတစ်ချက်ရှုသွင်းပြီး၊ထိုလူ၏မျက်နှာအားမကြည့်မိစေရန် မိမိကိုယ်ကိုယ် တိုက်တွန်းကာ လျှောက်လာလိုက်သည်။

ဟင်း....အစက သူ၏ရဲဘော် အပေါ်တွင်မျှော်လင့်ချက်၅၀ရာခိုင်နှုန်းမျှသာထားခဲ့သော်လည်း ယခုတွင်မူ ၁၀၀အပြည့်ပင်၊ အခုလို ကျေနပ်ဖွယ်ကောင်းသည့် လုပ်ဖော်ကိုင်ဖက်နှင့် လက်တွဲရသည်မှာအမှန်ပင်ပျော်စရာကောင်းသည်။

ကျောက်မင်ဇယ် ခုံဆွဲလျက် ထိုင်လိုက်ကာရေနွေး နှစ်ခွက်ငှဲ့လိုက်ပြီး လင်းကျစ်ရန်ဆီသို့တစ်ခွက်ကမ်းပေးရင်း အပြုံးဖြင့်ပြောသည်။

" မင်းဒီနေ့၊စိတ်ကောင်းဝင်နေပုံရတယ် "

လင်းကျစ်ရန် မိမိဘာသာ တွေးလိုက်သည်...ဒါပေါ့၊ငါပျော်နေတာ၊ ဤဂိမ်းမှာ အံ့သြဖွယ်အပြည့်နှင့်ဖြစ်မယ်မှန်း သူမထင်ထားခဲ့ ၊ သို့သော် သူနှုတ်မှ ထွက်သွားသည်က__

" ငါလုဆွေ့ကို နှစ်တွေအကြာကြီးစိုးရိမ်ခဲ့ရတာ၊ အခုသူပြန်လာပြီဆိုတော့ ငါအရမ်း ပျော်နေတယ် "

ကျောက်မင်ဇယ်က သက်ပြင်းချပြီးခေါင်းခါသည်။

" မင်းအပင်ပန်းခံပြီး ကြိုးစားခဲ့တာတွေကို အဲ့ကောင်လေးနားလည်မှာမဟုတ်ဘူး၊ အဲ့လိုမှမဟုတ်ရင် သူအရင်ကတည်းက ပြန်လာပြီးပြီပေါ့ "

လင်းကျစ်ရန် ဂရုမစိုက်ဘဲ ရိုးသားစွာပင် ပြောသည်။

" အဖေနဲ့ငါက သူ့အပေါ် မတရားခဲ့ ပါဘူး ၊ သူ့ကိုအပြစ်မတင်ပါနဲ့၊ သူပြန်လာချင်စိတ်ရှိရုံနဲ့တင် ငါဝမ်းသာနေပြီမို့ "

ကျောက်မင်ဇယ်၏ သွယ်လျသောလက်ချောင်းများက လက်ဖက်ရည်ခွက်အား တင်းကျပ်စွာဆုပ်ကိုင်ထားလျက် ဖြည်းညှင်းစွာလှည့်နေသည်ပင်၊ လုဆွေ့၏ခေါင်းမာပြီးသွေးအေးသော အကျင့်အရ နှစ်များစွာကြာသည့်တိုင် အလျော့ပေးခြင်းမရှိရာ အခုမှဘာလို့ ရုတ်တရတ် ခွင့်လွှတ်နိုင်သွားရတာလဲ?

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now