အပိုင်း(၂၄.၂)

4.3K 755 42
                                    

Unicode.

မူယန်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ထားလျက် အမူအရာကနာကျင်နေသော်လည်း နူးညံ့စွာပြောလိုက်သည် ။

" မင်းအထဲဝင်လို့ရပြီ "

လင်းကျစ်ရန်သည် အဝတ်ဗလာဖြင့် ရှက်ရွံနေမိသည် ။ သူဟာ မူယန့်ကို ကျောပေးကာ ဆေးပုံးထဲသို့ အားတင်းပြီး ဝင်လိုက်ရုံသာတတ်နိုင်၏ ။ ဆေးရည်က နွေးပြီးအဆင်ပြေလှရာ ခံစားချက်များလည်း တဖန်ပြန်ကောင်းလာခဲ့သည် ။

သူအတွေးလွန်နေစဥ် နွေးထွေးသော လက်ဖဝါးတစ်စုံက သူ့ပုခုံးပေါ်သို့ ဖိချလိုက်လေသည် ။ ထို့နောက် မူယန်ကဆို၏ ။

" ငြိမ်ငြိမ်နေ..ငါ မင်းရဲ့ကိုယ်ထဲက ချီတွေကို စမ်းသပ်ကြည့်မယ်..မတွန်းလှန်နဲ့..မဟုတ်ရင် မင်းနာကျင်လိမ့်မယ်..နားလည်လား "

ထို့နောက်သူက မျက်လုံးများကိုမှိတ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည် ။ လင်းကျစ်ရန်သည် လုံးဝမလှုပ်ရှားရဲပေ ။ မူယန့်စကားကြောင့်မဟုတ်၊ သူ့ခန္ဓာကိုယ်မှတစ်ခုခုကို သတိပြုလိုက်မိသောကြောင့်ပင် ။ ကံကောင်းစွာဖြင့် ဆေးရည်ပုံးက ကောင်းကောင်း မမြင်နိုင်အောင် မဲနက်နေသည် ။ မဟုတ်ပါက သူရှက်လွန်းလို့ လဲသေသွားနိုင်သည်ပင် ။

လင်းကျစ်ရန်မှာ စိတ်ထဲတွင် အော်ဟစ်နေမိသည် ။ သူအရမ်းညစ်ညမ်းလွန်းသည် ။ အလှလေးက သဘောရိုးနှင့် သူ့ကိုကူညီပေးနေပေမယ့် သူကတော့ တစ်ခြားအတွေးမျိုးရှိနေလေ၏ ။

မူယန်ကတော့ မျက်စိမှိတ်ကာ တင်ပျဥ်ခွေထိုင်နေပြီး လင်းကျစ်ရန်၏ အတွေးများကိုမသိပေ ။

ခဏကြာပြီးသော် မူယန်၏ နှဖူးပြင်ပေါ်တွင် ချွေးသီးများဝေ့သီလာသည် ။ သူ၏ အတွင်းအားများက လင်းကျစ်ရန်၏ကိုယ်ထဲသို့ ဝင်ရောက်လိုက်သည်နှင့် ပင်လယ်ထဲသို့ အပ်တစ်စင်းချလိုက်သည့်နှယ် ပျောက်ကွယ်သွား၏ ။ လင်းကျစ်ရန်၏ ချီများသည် အနက်ရောင်တွင်းနက်ကြီးပမာ အတွင်းအားများကိုအဆုံးမရှိ စုပ်ယူနိုင်သည် ။ သို့သော် နောက်ဆုံးတွင်ဘာမှမကျန်ခဲ့ ။ ဒီခန္ဓာကိုယ်ဟာ အတွင်းအားများကို အပြင်းအထန်စုပ်ယူပစ်လိုက်ပေမယ့် လုံးဝ သိုမှီးထားနိုင်ခြင်းမရှိသောကြောင့် ကျင့်စဥ် ကျင့်၍မရနိုင်ခြင်းပင် ။

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now