အပိုင်း(၃၅.၃)

2.6K 354 16
                                    

Unicode.

လင်းကျစ်ရန်သည် ကုတင်ပေါ်မှ ဖြည်းညှင်းစွာ ထလိုက်သည်။  သူဟာမြေပြင်ပေါ်တွင် ခြေဗလာဖြင့် ရပ်နေကာ သူ၏ ညာလက်ကို ဆန့်ထုတ်ပြီး ဆုပ်ကိုင်ကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်တွင်းရှိ ပြင်းထန်သော စွမ်းအားများကို ခံစားမိလိုက်ပြီးနောက် မျက်လုံးများမှေးစင်းသွားခဲ့သည်။

[လင်းကျစ်ရန်က အံဩစွာဖြင့် - ဒီခံစားချက်က အရမ်းမိုက်တာပဲ...]

[System-.....]

သူသည် အားနည်းသော ကြက်ပေါက်တစ်ကောင်လိုပင်ဖြစ်ပြီး တိုက်ခိုက်ရခြင်းကို မကြိုက်သော်လည်း..ဤအချိန်တွင် တော့... လူအများသည် ဘာကြောင့် ပို၍သန်မာချင်ကြသလဲဆိုတာကို ရုတ်တရက် နားလည်သဘောပေါက်သွားခဲ့ရသည်။

တကယ်လို့ မင်းမှာသာ လုံလောက်တဲ့ စွမ်းအားတွေ ရှိနေရင် မင်းဟာ ကံကြမ္မာရဲ့ သနားညှာတာပေးမှုကိုမလိုအပ်တော့ဘဲ မင်းကိုယ်တိုင်ကံတရားကို ထိန်းချုပ်နိုင်လိမ့်မယ်.. မျက်စိတစ်မှိတ်အတွင်း မနှစ်သက်တဲ့သူကို သတ်ပစ်နိုင်တယ်.. မင်းလုပ်ချင်တာမှန်သမျှ အောင်မြင်နိုင်တယ်.. မင်းလုပ်ချင်တာလုပ်နိုင်တယ်လေ..ပြီးတော့ဘယ်သူ့မှကြောက်စရာမလိုတော့ဘူး..ဒိီလို ကြီးစိုးနိုင်ခြင်းရဲ့သာယာမှုက.. စွဲလမ်းစေနိုင်တာပေါ့...အမှန်ပါပဲ!

သူသည် ရွှမ်းရန် နှင့် ယဲ့လျှိုယင် တို့နှင့်ယှဉ်လျှင် ဘာမှမဟုတ်သေးသော်လည်း အချိန်တိုအတွင်းမှာပင် ဤမျှကြီးမားသောတိုးတက်မှုက စိတ်ခွန်းအားများကို တက်ကြွသွားစေသည်။

အပြင်မြန်မြန်ထွက်ပြီးမော်ကြွားနိုင်ဖို့မစောင့်နိုင်တော့ဘူး! ကြည့်လေ.. သူ့လိုကစားသမားတစ်ယောက်တောင် ဒီလောက်ထိ ထိန်းမနိုင်သိမ်းမရဖြစ်နေတာ..အမြဲတမ်း နှိမ့်ချပြီး အားနည်းတဲ့ ခန္ဓကိုယ်ရှိတဲ့ လီယဲ့သာဆိုဘယ်လိုနေလိုက်မလဲ..  လမ်းမှားဆီ သွေးဆောင်ခံရဖို့ ပိုလွယ်တာပေါ့..  ယဲ့လျှိုယင် သည် လီယဲ့အားကျင့်ကြံရာတွင် ဤသို့လွယ်ကူသောဖြတ်လမ်းနည်းကို အသုံးပြုစေ၍ ကူညီပေးလိုက်တာကကောင်းသောကိစ္စမဟုတ်ပါ။

လင်းကျစ်ရန်က စဉ်းစားနေမိသည်။

သူ့တစ်ကိုယ်လုံးမှာလည်း သွေးတွေစွန်းထင်းနေသောကြောင့် စိတ်မသက်မသာသလိုခံစားနေရသည်။  လင်းကျစ်ရန်သည် ခြံထဲသို့ လှမ်းလာပြီး သူ့ကိုယ်သူ ဆေးကြောသန့်စင်ရန်အတွက် ရေပုံးတစ်ပုံးကို ခပ်ယူကာ ကြေးမှန်ရှေ့တွင် ရပ်လျက် ထူးဆန်းပြီး ရင်းနှီးနေသယောင်ရှိသော သူ့ပုံရိပ်ကိုကြည့်ရှုနေမိလေသည်။ ...

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now