Unicode.မူယွမ်းယွီသည် အိမ်ပြန်ရောက်လာခဲ့သည်။ သူဟာပင်မ အိမ်တော်ထဲသို့ ဝင်ဝင်ချင်းမှာပင် အိမ်ထဲမှကျိုးပဲ့သံတချို့ကိုကြားလိုက်ရသော် ခဏရပ်လိုက်ပြီး ဘေးရှိအစေခံကို စိတ်ရှုတ်စွာမေးလိုက်သည်။ " သခင်မ ထပ်ပြီး ဒေါသထွက်နေပြန်ပြီလား "
အစေခံက တိုးတိုး ပြန်ဖြေသည်။ " ဟုတ်ပါတယ်။ သခင်မက ဒီမနက်အော်ဟစ်သောင်းကျန်းနေပြီး မူရာကျူးကိုသတ်ဖို့ ထပ်ပြီး ကြိုးစားပေမယ့်သခင်ကြီးစီစဉ်ထားတဲ့ အစောင့်တွေကြောင့်မအောင်မြင်ပါဘူး။ သူမ အခုလောလောဆယ် အရမ်းဒေါသထွက်နေပါတယ်။ "
မူယွမ်းယွီဟာ စိတ်ပင်ပန်းစွာဖြင့် နှဖူးကိုနှိပ်နယ်လိုက်သည်။
လွန်ခဲ့သောသုံးလခန့်က, မူရန်ဟာ ရုတ်တရက်ပျောက်ဆုံးသွားခဲ့သည်။ မူရန်နှင့်အတူ မှော်လက်နက်တစ်ခုလည်း ပျောက်ဆုံးသွားခဲ့သည်။ အဲ့တုန်းကတော့သူဟာ ဒီကောင်လေး မှော်လက်နက်ကိုခိုးရောင်းပြီး သုံးဖြုန်းပျော်ပါးနေလိမ့်မယ်လို့ ထင်ခဲ့သည်။
သို့သော် မူရန်ဟာလုံးဝပြန်မလာခဲ့ပေ။ လူတိုင်းကလည်း မူရန်တွင် ပြဿနာတစ်ခုခုရှိနေလောက်ပြီမှန်း စတင်သတိပြုမိလာကြသည်။
မူယွမ်းယွီဟာ မူရန်ရဲ့ အစေခံများကို ရိုက်နှက်မေးမြန်းခါမှ မူရန်ဟာ လီယဲ့ ကိုပညာပေးဖို့နောက်ကနေတိတ်တဆိတ်လိုက်သွားကြောင်းနှင့် ထင်သလိုဖြစ်မလာဘဲ လီယဲ့ဆီမှ အရှက်ခွဲတာကိုခံလိုက်ရသောကြောင့်မှော်လက်နက်ကိုခိုးပြီး လီယဲ့ကိုလက်စားချေဖို့ထပ်သွားကြောင်း အသီးသီး ထွက်ဆိုလာကြသည်။
ထို့နောက်သူဟာ လုံးဝပြန်မလာခဲ့တော့ပေ။
မူယွမ်းယွီဟာ ချင်ချင်းပင် လူလွှတ်ပြီးရှာဖွေခိုင်းသော်လည်း အစအနတစ်ခုမှမတွေ့။ မူရန်ရဲ့အခြေအနေက ထင်သလောက်မရိုးရှင်းမှန်းအားလုံးသိကြသည်။ အစောကြီးကတည်းက မူရန် သေဆုံးသွားခဲ့ပြီးတာသာဖြစ်နိုင်သည်။
သူ့သားက လီယဲ့လို မျိုးမစစ်လက်ထဲမှာသေသွားကြောင်း သူ့ဇနီးသိသော် ရင်ဘက်စည်တီးကာ ငိုကြွေးတော့သည်။ သူမဟာ အပြစ်တွေကို မူရာကျူးအပေါ်ပုံချပြီး လက်စားပြန်ချေချင်သော်လည်း သူကမူ ထိုသို့လုပ်ခွင့်မပြု။
YOU ARE READING
ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)
FantasyJust a fan translation. Eng name- Did the affectionate love interest collapse today. cover pic from pinterest.credit to artist. Author- 即墨遥 စိတ်ကူးယဥ်ဝတ္တုတိုင်းတွင်shouဇာတ်ကောင်အားနှစ်သက်သဘောကျသည့်အရန်ဇာတ်ပို့Gongဆိုတာပါစမြဲ။Shouလေးကိုဇာတ်လိုက်Go...