အပိုင်း(၆.၁)

7.2K 1K 49
                                    

Unicode.

လင်းကျစ်ရန် သူ့ကိုကြည့်ကာပြောလိုက်၏။

" ဒါပေါ့ "

အခုကိစ္စကား ပေါ့သေးသေးတော့ မဟုတ်ပါချေ။ နောက်ဆက်တွဲ ဇာတ်ကြောင်းအတွက် ဆိုလျှင်တောင် အခုလောလောဆယ် သူကျောက်မင်ဇယ်ကိုမျက်နှာချင်းမဆိုင်ချင်ပေ။ လူဆယ်ယောက်စာတွင်ရှိသည့် အဖျက်စွမ်းအားများကို တစ်ဦးတည်း ပိုင်ဆိုင်ထားတဲ့ သူ၏ သူငယ်ချင်း ဖြစ်သည်။ ကျောက်မင်ဇယ်က သူ၏ အရောင်စစ်စစ်ကို ဇာတ်သိမ်းခါနီးလောက်မှထုတ်ပြသည် ဖြစ်ရာ သူတို့၏ သူငယ်ချင်းဆက်ဆံရေးမပျက်ပြားခင် ကြားထဲတွင် အချိန်အများကြီးကျန်နေသေး လေသည်။

လိုချင်သော အဖြေရသွားသည့် ကျောက်မင်ဇယ်မှာ ပြုံးလိုက်ပြီး လင်းကျစ်ရန်အား တောင်းပန်သလိုကြည့်လိုက် ပြီး။

" ငါမင်းကို ပြန်ပို့ပေးမယ် "

သေချာပေါက် လက်မခံနိုင်ဘူးပေါ့...!
တစ်ညလုံး အိမ်ပြန်မလာတဲ့လူက သူစိမ်းနဲ့အတူပြန်လာတယ််ဆိုရင် အိမ်တွင်းပုန်းကြွက်ကို အနံ့ပေးရှုသလိုဖြစ်မနေဘူးလား...။

လင်းကျစ်ရန် ပြတ်ပြတ်သားသားပင် ငြင်းလိုက် ချေသည်။

" တော်ပြီ၊ ငါ့ဟာငါပြန်မယ် "

ထိုသို့ပြောပြီး အဝေးသို့လှည့်ထွက်လာလိုက်သည်။အိမ်အပြင်ရောက်၍ သူဖုန်းဖွင့်ကြည့်လိုက်သော် ဝမ်းယွီဆီမှ missed call မြောက်မြားစွာကို တွေ့လိုက်ရလေ၏။ လင်းကျစ်ရန် အံ့သြသွားမိပါသည်။ ဘာဖြစ်ကုန်တာလဲ...ကမ္ဘာပျက်တော့မှာလား။ ဝမ်းယွီက သူ့ကိုဖုန်းတစ်ဒါဇင်လောက် ခေါ်ထားတယ်တဲ့!

လင်းကျစ်ရန် ချက်ချင်း ပြန်ခေါ်လိုက် လေ၏။ စက္ကန့်အနည်းငယ်အတွင်း ဖုန်းလိုင်းချိတ်မိသွားပြီး ဝမ်းယွီ၏ အနည်းငယ်ပင်ပန်းကာ စိုးရိမ်နေသည့် အသံထွက်ပေါ်လာ ပါသည်။

" ခင်ဗျားမနေ့ညက ဘယ်သွားနေတာလဲ။ ကျွန်တော် ဟိုတယ်ကိုရောက်တဲ့အချိန် ခင်ဗျားမရှိ တော့ဘူး။ ဖုန်းဆက်လို့လည်းမရဘူး။ ကျွန်တော်အရမ်း စိတ်ပူနေတာ "

လင်းကျစ်ရန်:.......

ဘာဖြစ်တာလဲ အခုဟာက။ ဒီကိစ္စကြောင့် ငါ့ကိုစိတ်ပူနေတာလား...?

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now