အပိုင်း(၄၀.၁)

2K 327 15
                                    


လူငယ်ကို ကြည့်နေစဉ် မူယန်ရဲ့မျက်လုံးများက တဖြည်းဖြည်းမည်းနက်လာပြီး မှုန်မှိုင်းသွားခဲ့သည်။ဘာတွေဖြစ်ကုန်တာလဲ?အားယဲ့က ဘာလို့ ဆရာရဲ့ ခန်းဆောင်ထဲရောက်နေတာလဲ။ ဆရာကရော ဘာလို့ဒီလို လုပ်ရတာလဲ။

မူယန့်ရင်ထဲတွင် ထိန်းမနိုင်သိမ်းမရတဲ့ မနာလိုမှုတွေ ပေါက်ပွားလာခဲ့သည်။လင်းကျစ်ရန်က ရွှမ်းရန်ရဲ့ ရင်ခွင်ထဲတွင်ရောက်နေပြီး မျက်လုံးတွင် မျက်ရည်စများ ပြည့်နေကာ အမြင်အာရုံကဝေဝါးနေတာကြောင့် ခန်းဆောင်တံခါးတွန်းဖွင့်ခံလိုက်ရပြီး လူငယ်တစ်ယောက် အလောတကြီး ပြေးဝင်လာတော့မှ သတိပြုမိခဲ့သည်။ သူဟာခေါင်းလှည့်ကြည့်လိုက်သော် လန့်ဖျပ်သွားပြီး သူ့မျက်နှာက ချက်ချင်းနီရဲသွားခဲ့သည်။ ဘာဖြစ်တာလဲ...တံခါးက ဘာလို့ ပွင့်သွားတာလဲ...မူယန်ကရော ဘယ်လိုလုပ်ပြီးရောက်လာတာလဲ? ဒါ အိပ်ရာထဲမှာ လက်ပူးလက်ကျပ်ဖမ်းမိတယ်လို့ ဆိုရမလား...

မူယန် သီးသန့်နေရာက ထွက်မလာခင် သူ သေလိုက်ဖို့တွေးထားခဲ့ပေမယ့် မူယန်ကဒီမြင်ကွင်းကို မျက်လုံးနှင့် တပ်အပ်မြင်လိုက်ရသည်။ဒီတစ်ခါတော့ နတ်မိမယ်လေးသူ့ကို မုန်းသွားမှာသေချာတယ်...

လင်းကျစ်ရန်ရဲ့မျက်နှာကသွေးတစ်စက်မှ မရှိတော့သည့်အလားဖြူဆုတ်သွားပြီး နှုတ်ခမ်းများက လှုပ်ရှားနေသည့်တိုင်စကားမဆိုနိုင်...သူဘာပဲပြောပြော အမှန်တရားက အမှန်တရားပဲ။ လင်းကျစ်ရန်ဟာ လွန်စွာရှက်ရွံမိပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်မိသည့်အချိန်တွင် မူယန်မှာ ဓါးကိုဆွဲထုတ်ပြီး ဒေါသတကြီးပြေးဝင်လာခဲ့လေသည်။ သူအရမ်းဒေါသထွက်နေမှန်းသိသာသည်။ မျက်လုံးများက စူးရဲနေကာ ဓါးကိုကိုင်ထားသော လက်ဖမိုးတွင် သွေးကြောများထောင်တက်နေသည်။

လင်းကျစ်ရန်....

[ လင်းကျစ်ရန်: ငါလည်း ဒီခံစားချက်ကိုနားလည်ပါတယ်။ငါ့ညီမလေး အဝေးနေချိန်မှာ ငါက အခွင့်အရေးယူပြီး သူ့လူနဲ့အတူအိပ်လိုက်တယ်။ ငါသာဆိုလည်း ဒေါသထွက်မိမှာပါပဲ]

[System: ...]

[ လင်းကျစ်ရန်: ဘာပဲဖြစ်ဖြစ် ဒီမစ်ရှင်က ကျရှုံးသွားပြီ။ ဘယ်သူ့လက်ထဲမှာသေသေ အတူတူပဲမလား။ ဒီလိုရှက်စရာကောင်းတဲ့ အခြေအနေထက်စာရင် စောစောသေလိုက်တာက ပိုမကောင်းဘူးလား]

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Donde viven las historias. Descúbrelo ahora