အပိုင်း(၃၈.၃)

3K 436 37
                                    

Unicode.

လင်းကျစ်ရန် နောက်တစ်နေ့နံနက်တွင် စောစောထ၍ပြင်ဆင်ပြီးချိန်၌ ယဲ့လျှိုရင်က အပြင်ဘက်တွင် စောင့်နေလေသည်။ ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်နှင့် ချောမောသောထိုယောက်ျားက သူ့ကို ကြင်နာစွာကြည့်လိုက်လေသည်။

သူသည် ယဲ့လျှိုရင်ပြင်ဆင်ထားသော ဝေါယာဉ်ထဲသို့ ဝင်သွားလိုက်ပြီး ယဲ့လျှိုရင်သူ့ကို ဘယ်ကို ခေါ်သွားမဘဲဆိုတာကို စိုးရိမ်တကြီးနဲ့ တွေးတောနေမိလေ​၏...မူယန် သူ့ကို ရှာတွေ့နိုင်ပါ့မလား မသိဘူး...

သို့သော် အခုချိန်ထိ
ရွှမ်းရန်က မူရာကျူးကို ကယ်တင်ခြင်းမှလွဲလျှင် ကျန်တဲ့အရာအားလုံးသည် ဇာတ်ကြောင်းနှင့် အတူတူပင်ဖြစ်သောကြောင့် ကြီးကြီးမားမားပြဿနာတော့ မရှိနိုင်ပေ။

အရင်ကမ္ဘာတုန်းက ဇာတ်ကြောင်း ဖရိုဖရဲဖြစ်မှုက သူ့ကို အခုထိ ထိတ်လန့်စေခဲ့သည်။

သို့သော် ဤကမ္ဘာရှိဇာတ်ကြောင်းသည် ချောမွေ့စွာတိုးတက်နေသဖြင့် လင်းကျစ်ရန်သည် သူအတွေးလွန်နေတာ ဖြစ်မည်ဟုသာ တွေးလိုက်လေသည်။ဒီတစ်ခါတော့ အဆင်ပြေလိမ့်မည်။

[လင်းကျစ်ရန်: နတ်မိမယ်လေးက အခု နန်းတော်မှာပဲ ရှိနေတာလား...ဒါမှမဟုတ် သူထွက်လာပြီလား မသိဘူး... သူက ငါ့ကို ကယ်တင်ဖို့ ရွှမ်းရန်ကို စိတ်ဆိုးအောင် လုပ်ခဲ့တာ...ဟေး ရွှမ်းရန် က အရမ်းတင်းကြပ်လွန်းတယ်မို့လား...]

[System: ကျွန်တော်က ကစားသမား သူ့ကိုမေ့သွားပြီထင်တာ]

[လင်းကျစ်ရန်က ချက်ချင်းပင် စိတ်မချမ်းမသာ ဖြစ်သွားသည်- ဒါ ဘယ်လိုလုပ် မေ့နိုင်မှာလဲ...သူက ငါ့ရဲ့ ညီအစ်ကိုကောင်း တစ်ယောက်ပဲ... သူက ငါ့အတွက်နဲ့သူလေးစားအားကျပြီး ချစ်မြတ်နိုးတဲ့ ဆရာသခင်အပေါ်ကိုတောင် အပြစ်လုပ်ခဲ့တာ...ငါ ဘယ်လိုလုပ် ကျေးဇူးကန်းနိုင်မလဲ ]

[လင်းကျစ်ရန်က သက်ပြင်းတစ်ချက်ချလိုက်သည်- ဒါပေမယ့် ဒါက ရွေးစရာလမ်းမရှိဘူးလေ... ဒီလိုမှ မဟုတ်ရင် ရေခဲတုံး ရွှမ်းရန် က မူယန် သူ့အတွက်ဘယ်လောက်အရေးပါလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ]

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)حيث تعيش القصص. اكتشف الآن