အပိုင်း(၄၂.၃)

Start from the beginning
                                    

" သိပ်စိတ်မပူပါနဲ့...သခင်လေးကစိတ်လှုပ်ရှားနေရုံပါ...ကျွန်တော်သူ့ကိုကောင်းကောင်းစောင့်ရှောက်လိုက်ပါ့မယ် "

ယဲ့လျှိုရင်က ခေါင်းညိတ်လိုက်ပြီး တစ်ခုခုကို တွေးနေပုံရကာ အချိန်အတော်ကြာမှသက်ပြင်းချလိုက်သည်

"ဒီကလေးက ငါနဲ့မတူဘူး..."

ကျိုးယွဲက ရယ်မောရင်း

"သခင် သိပ်စိုးရိမ်နေစရာ မလိုပါဘူး...သခင်လေးက နာခံမှုမရှိပေမယ့်...ကျွန်တော်တို့မှာ မူယန် ရှိသေးတာပဲ... အခု ရွှမ်းရန်နဲ့ မူယန်ကသခင်လေးကြောင့်ရန်သူတွေဖြစ်သွားကြပြီ...ပြီးတော့နှစ်ယောက်လုံးကလည်း မိစ္ဆာစိတ်လွှမ်းမိုးခံနေရတော့ ဘာနေနေ ကျွန်တော်တို့အတွက် အမြတ်ပဲ "

ယဲ့လျှိုရင်ကသက်ပြင်းချလိုက်ပြီး အမူအရာကစိတ်သက်သာရာရသွားသည့်ပုံပင်။ဒီကောင်လေးကပျော့ညံ့ပေမယ့် အနည်းဆုံးတော့သူ့ကိုအသုံးချပြီအကွက်ရွေ့လို့ရသေးသည်။မူယန်မိစ္ဆာစိတ်လွှမ်းမိုးခံရပြီးဆိုးသွမ်းသွားမည့်အချိန်တွင် ရွှမ်းရန်မှာသူ့ကိုယ်သူတောင်ကယ်တင်နိုင်မှာမဟုတ်။စင်ကြယ်သောနန်းတော်က ဦးဆောင်သူကင်းမယ့်နေပြီး လောကသုံးပါးကိုပြန်လည်၍တည်ငြိမ်အောင်ထိန်းချုပ်နိုင်တော့မှာမဟုတ်ပေ။

ယဲ့လျှိုရင်က ပြုံးလိုက်ပြီး မတ်တပ်ထလိုက်သည်။

မူယန်က အခန်းထဲတွင် တင်ပျဉ်ခွေထိုင်ကာ မျက်လုံးများကိုမှိတ်လျက်သိုင်းကျင့်ကြံနေစဉ် အပြင်ဘက်ရှိအသံကြောင့်ရုတ်တရက်မျက်လုံး ဖွင့်လိုက်သည်။

ထို့နောက် တံခါးအပြင်ဘက်တွင် ယဲ့လျှိုရင်ကညင်သာစွာပြောသည်

" ငါပါ...ဝင်လာလို့ မလား "

မူယန်က ချက်ချင်း ထပြီး တံခါးဖွင့်ပေးလိုက်သည်

" ယဲ့လူကြီးမင်း ကျွန်တော့်ဆီ လာတာ ကိစ္စရှိလို့လား "

ယဲ့လျှိုရင်က အထဲသို့ဝင်လာခဲ့ပြီး ခနမျှတုန့်ဆိုင်းနေပြီးမှ ဆိုသည်

" မင်း နေ့ရောညပါ မရပ်မနားလေ့ကျင့်နေမှန်းငါသိပါတယ်...မင်းရဲ့ခံစားချက်ကိုလည်းငါနားလည်တယ်...ဒါနဲ့ မင်းရဲ့ကျင့်စဉ်တွေကို တဟုန်ထိုးတိုးတက်လာစေမယ့် နည်းလမ်းတစ်ခုသိထားတယ်....ဒါကို ရွှမ်းရန်မရိပ်မိခင်လက်ဦးမှုယူဖို့တော့လိုတယ် "

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Where stories live. Discover now