Ep~36{END}

17.8K 600 43
                                    

Uni

မမရဲ့ မင်္ဂလာပွဲကိုအိမ်မှာပဲ အကျဥ်းချုံးလုပ်ဖြစ်ခဲ့ကြသည်။ မနက်အစောပိုင်း ဘုန်းကြီးပင့်ပြီး မင်္ဂလာဦးဆွမ်းကပ်ပြီးနောက် မနက်၉နာရီကနေ ၁၁နာရီအထိက ဖိတ်ကြားထားသည့် ရင်းနှီးသော မိတ်ဆွေအချို့ကိုသာ  ကျွေးမွေး ဧည့်ခံကြသည်။

အခုလို အကျဥ်းချုံး လုပ်ရခြင်းက မမတို့ နှစ်ယောက်လုံး၏ ဆန္ဒ ဖြစ်တာကြောင့် ထွေထွေထူးထူး မညှိနှိုင်းခဲ့ရ။

အစ်ကိုဝေယံဘက်ကလည်း ဆွေမျိုးရင်းချာဆိုလို့ အသက်၆၀နီးပါး အမေတစ်ယောက်နဲ့ မကြာသေးခင်ကမှ နိုင်ငံခြားကပြန်ရောက်လာသည့် ညီတစ်ယောက်ပဲ  ရှိလေသည်။ နောက်ပြီး မမဘက်မှာဆိုရင်လည်း မိဘနှစ်ပါးစလုံးက ထောင်ထဲ ရောက်နေတာကြောင့် မင်္ဂလာပွဲကို အကြီးအကျယ် လုပ်ဖို့ရာ မသင့်တော်နေ။ ဒါကြောင့် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုး၊ ဧည့်ခံပွဲ အကျဥ်းချုံး လုပ်ပြီးတော့သာ မင်္ဂလာပွဲ ပြီးဆုံးသွားခဲ့သည်။

မမတို့နှစ်ယောက် လက်ထပ်ပြီးတဲ့ အခါမှာတော့ နွေးတို့ အိမ်မှာပဲ နေကြသည်။ နွေးကလည်း မကြာခင် ကိုကြီးရှိတဲ့ ပြင်ဦးလွင်မှာ သွားနေဖို့ ဆုံးဖြတ်ထားတာကြောင့် နောက်ပိုင်းကျရင် ဒီအိမ်မှာ မမတို့ နှစ်ယောက် လွတ်လွတ်လပ်လပ် နေလို့ ရလေပြီ။

ဒီည နွေး အဖွားတို့ အိမ်မှာ လိုက်အိပ်ဖြစ်သည်။
ဖိုးဖိုးနဲ့ မတွေ့တာ ကြာပြီဖြစ်တာကြောင့် ဖိုးဖိုးနဲ့ တွေ့ချင်တာကြောင့် ညအိပ်လာလည်ခြင်းဖြစ်သလို နွေးနဲ့ကိုကြီးရဲ့ ကိစ္စကို အဖွားတို့ကို အေးအေးဆေးဆေး ဖွင့်ပြော တိုင်ပင်ချင်တာလည်း ပါသည်။ နောက်ပြီး ဒီနေ့က မမတို့ရဲ့ မင်္ဂလာဦးညဆိုတော့ နွေး ရှိနေရင် သူတို့ မလွတ်မလပ်ဖြစ်မှာစိုးပြီး အားနာတာကြောင့်လည်း ပါသည်။  စသဖြင့် အမျိုးမျိုးသော ကိစ္စအဖုံဖုံကြောင့် အဖွားတို့အိမ်ကို ရောက်လာခဲ့တော့သည်။

ညဘက်ရောက်တော့ အဖွားတို့နဲ့ အတူတူ ထမင်းလက်ဆုံစားပြီးတော့ ဖိုးဖိုးဘေးနားသွားပြီး စကားတွေ ပြောပေးသည်။ နောက်ပြီး ဖိုးဖိုးကို Ensure တစ်ခွက်ဖျော်တိုက်ပြီးနောက်တော့ ဖိုးဖိုးအိပ်ဖို့ အိပ်ယာသေချာခင်းပေးပြီး အိပ်ပျော်အောင် သိပ်ပေးပြီးတော့မှ အဖွားနဲ့ ဒေါ်လေးသူဇာတို့ ရှိရာ ဧည့်ခန်းကို ရောက်လာခဲ့သည်။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now