Ep~15

8.8K 413 19
                                    

Uni

Recommend background song🎶🎶

အပြင်မှာ လေပြင်းတွေတိုက်ကာ မိုးတွေအကြီးအကျယ်ရွာချနေသည်။ မိုးကြီးလေကြီး တိုက်ခတ်နေတာကြောင့် ကိုယ်စီကိုယ်စီ အခန်းထဲမှာသာ စောင်ခြုံကွေးနေကြသည်။

နွေးကတော့ အိပ်စက်အနားမယူနိုင်ပါ။ မီးပျက်နေသဖြင့် မှောင်မိုက်လွန်းနေသည့် အခန်းလေးရဲ့ထောင့်မှာ ကျုံ့ကျုံ့ကလေးထိုင်ပြီး အငြင်းခံလိုက်ရတဲ့ နာကျင်မှုကို ရင်နဲ့မဆံ့အောင်ခံစားနေရသည်။

*ကိုကြီးကိုမုန်းလိုက်တာ*

ရင်ဘက်ကထဲက နာကျင်မှုကြောင့် နှုတ်ခမ်းကိုဖိကိုက်ထားရလွန်းလို့လည်း သွေးစများပင်စို့နေလေပြီ။

ပါးစပ်ကသာ မုန်းတယ် အခါခါပြောနေပေမယ့် နှလုံးသားကတော့ မမုန်းရက်နိုင်။ အတွေးတွေထဲက မေ့ပျောက်ဖို့ကြိုးစားကြည့်ပေမယ့် စက္ကန့်တိုင်း ကိုကြီးအကြောင်းပဲ တွေးမိနေပြီး ကိုကြီးပုံရိပ်တွေပဲ မျက်လုံးထဲမြင်ယောင်နေသည်။ အဆိုးဆုံးကတော့ နွေးရဲ့ အချစ်ကိုငြင်းပယ်လိုက်သည့်  အခိုက်အတန့်ပင်။

ကိုကြီးကတော့ အခုချိန်လောက်ဆို အိပ်ပျော်နေလောက်ပြီပေါ့။

*အဟင်း.... အိပ်မက်ထဲမှာတောင် မထက်နဲ့ ပျော်ရွှင် ကြည်နူးချင်ကြည်နူးနေမှာ*

နွေးကသာ ကိုကြီးနဲ့တွေ့ပြီးပြန်လာကတည်းကနေ အခုချိန်အထိ ရေစိုအ၀တ်တွေတောင်မလဲနိုင်ပဲ ထိုင်ငိုနေမိတာ။

နွေး.......ပထမဆုံးအချစ်မှာတင်...  သင်ခန်းစာရသွားပါပြီ။ အချစ်ဆိုတာ ကိုယ့်ဘက်ကပေးတိုင်း..... ပြန်မရဘူးဆိုတာပေါ့........။

_
_
_

*ဒေါက်!!ဒေါက်!!ဒေါက်!!*

"မြေးလေးရေ... မထသေးဘူးလား.... ကျောင်းသွားရမယ့် အချိန်ရောက်နေပြီလေ..... သြော် ... ဒီကလေးမလေး... မိုးအေးအေးနဲ့ အိပ်ကောင်းနေတယ်ထင်တယ်"

အဖွားရဲ့ နှိုးသံကြောင့် ကြယ်စင်အေးကပါ နေခြည်နွေးအခန်းရှေ့ကို ရောက်လာပြီး....

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now