Ep~31

9.9K 471 19
                                    

Uni

လူတွေပျားပန်းခက်တမျှ ရှုပ်ရှက်ခက်နေသည့် စက်ရုံကြီးကို ကြည့်ရင်း နွေးခေါင်းပင် နောက်ကျိကျိဖြစ်သွားတော့သည်။

ပစ္စည်းတင်ပို့သည့်ကားအကြီးကြီးတွေက ၀င်ချည် ထွက်ချည်လုပ်နေပြီး ပစ္စည်းတွေလည်း အတင်အချ လုပ်နေကြသည်။ အတင်အချ လုပ်နေသည့် ပစ္စည်းများက ဘီယာ ပုလင်းနဲ့ ၀ိုင်ပုလင်းများ ဖြစ်သည်။

"ဒါက ကိုကြီးပြောတဲ့ နေရာလား"

"ဟုတ်တယ်.... ဒါက ကိုယ် ပိုက်ဆံတွေအများကြီး ရနေတဲ့ အဓိကနေရာပဲ။ မင်း မှတ်မိမလားတော့ မသိဘူး.... ကိုယ်တို့ နှစ်ယောက် တွဲနေတုန်းက .... ကိုယ်မန္တလေးကို ခဏခဏသွားခဲ့တာလေ"

"အင်း"

"အဲ့ဒါ ဒီစက်ရုံထောင်ဖို့အတွက် စီစဥ်နေခဲ့တာလေ။ အစပိုင်းကတော့ ထက်ထက်ဇော်နဲ့ တစ်ယောက်တစ်၀က် အရင်းအနှီးထုတ်ပြီး လုပ်ငန်းအသေးစားလေးပဲ စလုပ်ခဲ့တာ။ နောက်ပိုင်း ကိုယ်တို့ စထုတ်ခဲ့တဲ့ ဘီယာတံဆိပ်က နာမည်ရလာတာနဲ့ ဖြည်းဖြည်းချင်းစီ တိုးချဲ့လုပ်ရင်း အခုလို အခြေအနေအထိရောက်လာတာပဲ။"

"ဒါဆို... အဲ့တုန်းက ကိုကြီး မန္တလေးကို ဘာလို့ ခဏခဏသွားနေတာလဲလို့... နွေး မေးတုန်းက ...ဒီလုပ်ငန်းလုပ်နေခဲ့တယ်ဆိုတာ ဘာလို့မပြောခဲ့တာလဲ"

"အဲ့တုန်းက စပြီး စီစဥ်နေတုန်းပဲ ရှိသေးတာ... ဘာမှ အကောင်အထည် မဖော်ရသေးဘူး။ နောက်ပိုင်း မင်းနဲ့ လမ်းခွဲပြီးတော့ ကိုယ် အရက်တွေချည်း သောက်ပြီး လေပေတေ နေခဲ့သေးတယ်။ အဲ့အချိန်ကျမှ ထက်ထက်ဇော်က ကိုယ့်ဆီရောက်လာပြီး အသည်းကွဲပြီး အရက်သောက်နေမယ့်အစား စိတ်အပြောင်းအလဲဖြစ်အောင် ဒီလုပ်ငန်းကို အမြန်အကောင်အထည်ဖော်ဖို့ လာ နားချတာ။ အမေတို့ကလည်း ကိုယ့်ကို ဒီအလုပ်ကိုအရဲစွန့်လုပ်ကြည့်ဖို့ အားပေးနေတော့.. ကိုယ်လည်း မင်းကို သတိမရတော့ရင် ပြီးရော ဆိုပြီး ပိုင်ဆိုင်သမျှ ဟာအားလုံး ရောင်းချ ... နောက်ပြီး ချေးငွေတွေလည်း ယူပြီး ဒီလုပ်ငန်းကို အသေကြိုးစား လုပ်ခဲ့တာ။ ကိုယ်တို့ မိသားစု မန္တလေးကို ပြောင်းလာကာစက ထက်ထက်ဇော်တို့ အိမ်မှာပဲ နေပြီး အလုပ်အတူတူ လုပ်ခဲ့တာ။ နောက်ပိုင်း ထက်ထက်ဇော်က မင်းအခု နေနေတဲ့ ဟိုတယ်ပိုင်ရှင် သူ​ေဋ္ဌးနဲ့ လက်ထပ်ဖြစ်ခဲ့တယ်။ သူ့အမျိုးသားက သဘောကောင်းပါတယ်... သူ့စကား တစ်ခွန်းဆို တစ်ခွန်းပဲ။ ဒီစက်ရုံစထောင်တုန်းကလည်း သူ့​ဆီကပဲ ပိုက်ဆံသိန်းရာနဲ့ချီ ချေးခဲ့ရသေးတယ်။ ဒီလုပ်ငန်းက ထက်ထက်ဇော်နဲ့ ကိုယ်နဲ့ တစ်ယောက် တစ်၀က် ရှယ်ယာ လုပ်ထားတာ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူက ၀ိုင်လုပ်ငန်းကို ပိုစိတ်၀င်စားတယ်ဆိုပြီး ဒီကရှယ်ယာ အချို့ပြန်ထုတ်သွားပြီး အခု ပြင်ဦးလွင်မှာ စပျစ်ခြံစိုက်နေတယ်။ အဲ့တော့ ဒီလုပ်ငန်းမှာ သူ့ရဲ့ ရှယ်ယာက 20%လောက်ပဲ ရှိတော့တယ်။ ကျန်တဲ့ 80%ကတော့ ကိုယ်ပိုင်တာပေါ့"

Strawberries & Cigarettes🍓🚬 { OC } [Completed]Tahanan ng mga kuwento. Tumuklas ngayon