Ep~11

7.7K 378 7
                                    

Uni

နွေးလေ အဖွားအိမ်မှာ လာနေတဲ့တစ်လအတွင်း အရမ်းစိတ်ချမ်းသာရသည်။ ဘာစည်းမျဥ်း ဘာကန့်သတ်ချက်မှ မရှိပဲ နွေးစိတ်နဲ့ နွေးကိုယ် လွတ်လွတ်လပ်လပ်နေရသည်။ ဖြစ်နိုင်ရင် နွေး ဒီမှာပဲ တစ်သက်လုံးနေပစ်လိုက်ချင်သည်။ ဒါပေမဲ့ အဲ့ဒါကဖြစ်မှမဖြစ်နိုင်တာ။ ဒုါကြောင့် ဆောက်လက်စအိမ်ကြီး အမြန်မပြီးပါနဲ့ဦးသာ ဆုတောင်းနေရသည်။

ဒါမှ နွေး ... ကိုကြီးကို နေ့တိုင်းတွေ့ခွင့်ရ.... အဲ မဟုတ်ပါဘူး... ရတီနဲ့ နေ့တိုင်းတွေ့ခွင့်ရမှာ။

ဒီနေ့က သင်္ကြန်အကြိုနေ့.....

နွေးတို့အိမ်မှာ မုန့်လုံးရေပေါ်  အလှူလုပ်သည်။

မနက် ၆နာရီလောက်ကတည်း နွေးရယ် မမရယ် အန်တီသူဇာရယ် အဖွားရယ် နောက်ပြီး အိမ်နီးနားချင်းတွေရယ် အကုန်စုပေါင်းပြီး  မုန့်လုံးရေပေါ် ထိုင်လုံးကြသည်။

မုန့်သားက အားလုံးပေါင်း သုံးပြည်ဆိုတော့ တမုန်း ထိုင်လုံးရသည်။နွေးမှာ မုန့်လည်း လုံးရ အုန်းသီးလည်း ခြစ်ရဆိုတော့ လက်တွေညောင်းတာမှ ပြောမနေပါနဲ့တော့။

"နွေးရေ ... မုန့်လုံးရေပေါ် လိုက်ဝေလို့ရပြီ"

ရေတွေပွက်ပွက်ဆူနေသော ဒန်အိုးကြီးကနေ ပေါလောပေါ်လာသည့် မုန့်လုံးတွေကို မမက ဆယ်ရင်း ပြောတော့ နွေးမျက်နှာပြီး ပြုံးဖြီးသွားတော့သည်။

"ဒါမျိုးကို စောင့်နေတာကြာပြီ ဟီးဟီး..."

ခြစ်လက်စအုန်းသီးကို ချထားခဲ့ပြီး မီးဖိုးနားမှာ နေနေသည့် အဖွားနဲ့ မမဆီ အပြေးသွားတော့သည်။

အဖွားက မုန့်လုံးရေပေါ်တွေကို ဖော့ဘူးတွေထဲ ထည့်ကာ အုန်းသီးဖြူးနေပြီး မမက ရေနွေးတည်ထားသည့် ဒန်အိုးကြီးထဲကို မုန့်လုံးတွေထည့်လိုက်  ပေါ်လာတာတွေ ဆယ်လိုက်နှင့် အလုပ်ရှုပ်နေတော့သည်။

အန်တီသူဇာနှင့် ကျန်အိမ်နီးနားချင်းများကတော့ မုန့်လုံးရေပေါ်တွေ အပြိုင်လုံးနေကြဆဲ။

"နွေး အင်္ကျီသွားလဲလိုက်ဦးမယ် ဖွားဖွား"

"အေးအေး ... လဲပြီးမြန်မြန် ထွက်လာခဲ့နော်"

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now