Ep~35

12K 461 20
                                    

Uni

ဆရာ၀န်၏ အဖြေကို ဗညားဟိန်းတို့ သားအမိ သုံးယောက်သား မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

ကာယကံရှင် နေခြည်နွေးကတော့ မျက်နှာပူပြီး ရှက်လွန်းလို့ ခဏလောက် အငွေ့ပျံပြီးပျောက်သွားချင်စိတ်သာ ဖြစ်နေတော့သည်။

ခုနက ကိုကြီးနဲ့ သူ့အမေ တီးတိုးစကားပြောနေကြသည်ကို နွေးကြားလိုက်သည်။ ကိုကြီး အမေက နွေးကို ကိုယ်၀န်ရှိနေတယ်လို့ ထင်နေလေသည်။ ဒါပေမယ့် နွေးကိုတော့ တိုက်ရိုက်မပြော။ သူတို့ချင်း တိုင်ပင်ပြီးသာ ဆရာ၀န်ကို အိမ်အထိပင့်လာကာ စမ်းသပ်ခိုင်းသည်အထိ။

နွေး ကိုယ့်အကြောင်းကိုယ်သိသည်။ ကိုကြီးနဲ့   အတူတူနေပြီး သုံးရက်မြောက်နေ့ကျတော့ ဓမ္မတာ လာတာမို့ ကိုယ်၀န်ရှိတယ်ဆိုတာ လုံး၀မဖြစ်နိုင်။ ဆယ်တန်းမှာ Bio ဂုဏ်ထူးထွက်ထားသည့် နွေးအဖို့ရာ မိန်းကလေးတစ်ယောက်၏ ရာသီစက်၀န်း ၊ သားဥတည် ရက်နဲ့ သားဥကြွေ ရက်တို့ကို ကောင်းကောင်းတွက်ချက်နိုင်သည်။

သို့ပေမယ့်လည်း နွေးပါးစပ်က ထိုအရာကို ထုတ်ပြောဖို့ရာ ၀န်လေးနေသည်။ ကိုကြီးတို့က နွေးကို တိုက်ရိုက်မမေးလာပဲ သူတို့ချင်းပြောနေသည်ကိုသာ နွေး ကြားခဲ့ရတာမို့ ဘယ်ကနေဘယ်လို ရှင်းပြပေးရပါ့မလဲမသိ။

ဒီတော့ မထူးဇာတ်ခင်းရင်းသာ သူတို့ ပြုသမျှ ငြိမ်ခံနေလိုက်သည်။ အချိန်တန်လို့ ဆရာ၀န်ပြောပြရင် မဟုတ်ဘူးဆိုတာ သိကြမှာပေါ့။

"သွေးတွင်း အချိုဓာတ်ကျနေလို့ ရင်ထဲမအီမသာဖြစ်ပြီး ခေါင်းမူးနေတာပါ။ ခုနကပြောပုံအရဆိုရင် မနက်ပိုင်း ကတည်းက ခေါင်းထဲ နောက်ကျိကျိဖြစ်နေတာကို အစားမစားဘဲ ကားစီးလာတာကြောင့်လဲ ရင်ထဲမအီမသာဖြစ်နေတာ ပါတယ်။ နောက်ပြီး ဒီရက်ပိုင်း အိပ်ရေးမ၀ဘူးထင်တယ်...အောက်သွေး ၂၀ ကျနေတယ်။ ဆေးတစ်လုံးချိတ်ပေးခဲ့မယ်.... ဒီဆေးကုန်အောင် သွင်းပြီးရင် အစားနည်းနည်း၀င်အောင်စားပြီး ဆေးတစ်ခွက်သောက်ပြီး အနားယူလိုက်ပါ။ နောက်ပြီး သွေးတွင်းအချိုဓာတ်ပုံမှန်ပြန်ဖြစ်အောင် ချိုတဲ့မုန့်လေးတွေ စားပေးပါ။ ဥပမာ သကြားလုံးဖြစ်ဖြစ် အချိုဓာတ်ပါ၀င်မှုများတဲ့ ချောကလက်ဖြစ်ဖြစ်ပေါ့"

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now