Ep~32

10.4K 455 26
                                    

Uni

*Ring.....Ring.....Ring......*

*Ring....Ring.....Ring......*

*Ring.....Ring.....Ring.....*

အဆက်မပြတ် မြည်လာသည့် ဖုန်းသံကြောင့် နှစ်ယောက်သား ဖက်အိပ်နေရာကနေ အိပ်တစ်၀က် နိုးတစ်၀က်နဲ့ လှုပ်လှုပ်ရွရွဖြစ်လာတော့သည်။

ဖုန်းနဲ့ ပိုနီးသည့် ဗညားကအရင် မျက်လုံးစပွင့်လာပြီး ကုတင်ဘေးရှိ စားပွဲပေါ်က ဖုန်းကို လက်ဖြင့် စမ်းရင်း  အိပ်ချင်မူးတူးဖြင့် ကိုင်လိုက်သည် ......

"ဟယ်လို"

"ဟယ်လို... ဗညား... "

"အေး ..ပြော"

"နင် အခုချိန်ထိ အိပ်နေတုန်းလား"

"အင်း... ငါ ညက အရက်နည်းနည်းသောက်လိုက်လို့.... ။ ဘာဖြစ်လို့လဲ... ဘာအရေးကြီးကိစ္စ ရှိလို့လဲ"

"မဟုတ်ပါဘူး... မနက် ၉နာရီကျော်နေတာတောင် နင့်ကို မတွေ့မိသေးလို့။ ၀န်ထမ်းတွေကို မေးကြည့်တော့လည်း မနက်ကတည်းက မတွေ့သေးဘူးဆိုလို့ .. တစ်နေရာရာသွားနေတယ် ထင်လို့ လှမ်းမေးကြည့်တာ"

"ဘာလဲ... နင် ဒီကိုရောက်နေတာလား"

"အေး.. ဟုတ်တယ်... ငါအခု စားဖိုဆောင်ထဲ တစ်ချက် စစ်ဆေးရေး ၀င်နေတာ။ ဒီနေ့ လကုန်ရက်ဆိုတော့... တစ်လစာ ငွေ အ၀င်အထွက်စာရင်း သိချင်လို့ လာခဲ့တာ။ နောက်ပြီး နောက်တစ်ပတ်ကျ ဟိုတယ် နှစ်ပတ်လည်ပွဲလည်း ရှိတော့ Staff party လုပ်ဖို့ကိစ္စလည်း လာဆွေးနွေးတာ"

"အေး... ဒါဆို... ငါ ခဏနေကျ ထွက်လာခဲ့မယ်လေ... "

"ရပါတယ်... နင် အဆင်ပြေတဲ့ အချိန်မှ လာခဲ့။ ငါ  မနက်ဖြန်မှ ပြန်မှာ...ဒီည ဒီမှာပဲ အိပ်မှာ  ။ ရောက်တုန်းရောက်ခိုက် အေးဆေးနေဦးမယ်... အချိန်ရရင် နင့် ကော်ဖီခြံထဲလည်း လျှောက်ပတ်ကြည့်မလို့"

"အေးအေး... အဲ့ဒါဆို ငါ လာတဲ့အချိန်ကျ ဖုန်းပြန်ဆက်လိုက်မယ်"

"အင်း"

ဖုန်းချလိုက်ပြီးမှ ဖုန်းက နာရီကို ကြည့်လိုက်တော့ မနက် ၉နာရီနဲ့ ၁၀မိနစ်ပင် ဖြစ်နေပြီ။

အရင်က ဒီအချိန်အထိ တစ်ခါမှ မအိပ်ဖူး။ အလွန်ဆုံး ၈နာရီလောက်အထိ အိပ်ပြီး ၉နာရီကျော်လောက်ဆို ဟိုတယ် တစ်ပတ် ပတ်စစ်ဆေးပြီးလို့ မနက်စာပင် စားနေပြီ။ ဒီနေ့ကျမှ ၉နာရီကျော်လို့ ကျော်နေမှန်းမသိအောင် အိပ်ပျော်သွားခဲ့လေသည်။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now