Ep~16

8.6K 451 23
                                    

Uni

"နေခြည်နွေး... နင်တကယ် သက်သာလို့လား"

"အင်း.... နွေး ပြန်ကောင်းနေပါပြီ။ ဆေးရုံကဆင်းလို့ ရပြီလားဆိုတာသာ သွားမေးပေးပါ"

"အေး... ဒါဆိုလည်း ဆရာ၀န်ကို သွားမေးပေးမယ်"

ခေါင်းကြောမာတဲ့ နေခြည်နွေးကို ကြည့်ပြီး ကြယ်စင်အေး သက်ပြင်းသာချမိသည်။ သူ ဆေးရုံတက်ရတဲ့အကြောင်း အမေနဲ့အဖေကို  ဖုန်းဆက်ပြောမယ်ဆိုတော့လည်း အဆက်မခံ။ မေမေတို့ စိတ်ပူနေမှာ စိုးလို့ မသိစေချင်ဘူးတဲ့လေ။

အခုလည်း ဆေးရုံမှာ မနေချင်တော့ဘူးဆိုကာ အိမ်ပြန်မယ်လို့ပဲ ဂျီကျနေတာကြောင့် ဆရာ၀န်ကို ဆေးရုံက ဆင်းလို့ ရ မရသွားမေးကြည့်ရသေးသည်။ ဆရာ၀န်ကတော့ ဆင်းချင် ဆင်းလို့ရပြီဟု ပြောလိုက်သည်။ ဒါပေမဲ့ တစ်ပတ်နေရင်တော့ ရက်ချိန်းတစ်ခါလာပြပေးရမည်ဟု ဆိုသည်။

ဆရာ၀န်ရဲ့ ခွင့်ပြုချက်ရသည်နှင့် တစ်ပတ်စာ သောက်ဆေး ၀ယ်ပြီး ဆေးရုံက ဆင်းဖို့ ပြင်ဆင်ကြတော့သည်။

"သမီး... ဘာစားချင်လဲ... အပြင်ရောက်တုန်း တစ်ခါတည်း ၀ယ်သွားရအောင်လို့"

ဆေးရုံကနေ အိမ်ကိုအပြန် လမ်းတွင် အန်တီသူဇာက မေးသည်။

"ဟင့်အင်း.... ဘာမှ စားချင်စိတ်မရှိဘူး"

အပြင်းဖျားထားတဲ့ ဒဏ်ကြောင့် ပါးစပ်ထဲ ဘာစားစား ခါးသာ ခါးနေသဖြင့် နွေး ဘာမှ စားချင်စိတ်ရှိမနေ။

"အိမ်ရောက်တာနဲ့ အစားစားပြီး ဆေးသောက်ရမှာ မြေးလေးရဲ့..... တစ်ခုခု၀င်အောင်တော့ စားရမှာပေါ့.... ကြေးအိုးသောက်မလား...ဒါမှမဟုတ် မြေးလေးကြိုက်တဲ့ မြေအိုးမြီးရှည်စားမလား"

"ဟင့်အင်း.... ပိုက်ဆံအကုန်ခံပြီး အဲ့ဒါတွေ ၀ယ်မနေပါနဲ့ ဖွားဖွားရယ်... ဒီအတိုင်း ခေါက်ဆွဲပြုတ်သောက်ပြီးပဲ ဆေးသောက်လိုက်မယ်"

"အင်း အင်း... ဒါဆို အိမ်ရောက်မှ မြေးလေးစားဖို့အတွက် ကြက်ဥနဲ့ ခေါက်ဆွဲပြုတ် ပူပူလေး ပြုတ်ပေးမယ်..."

"ဟုတ်"

အားမရှိသဖြင့် ခေါင်းထဲ၀ယ် ချာချာလည်အောင် မူးနောက်နေတာကြောင့် မမ ပုခုံးပေါ် ခေါင်းမှီအိပ်ရင်းသာ နေနေလိုက်သည်။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now