Ep~3

9.9K 415 9
                                    

Uni

အသိစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် နွေး အလျင်အမြန်ပင် မျက်နှာကို ထီးဖြင့် ကွယ်လိုက်သည်။

ထို့နောက် ထီးကိုငိုက်စောင်းကာ ကားမှတ်တိုင်ရှိရာကို အမြန်သုတ်ချေတင်တော့သည်။

ဟိုလူကြီးက နွေးကို မှတ်မိ မမှတ်မိတော့မသိ။ နွေးကတော့ သေချာကို မှတ်မိသည်။

မှတ်မိဆို  ဒီလိုရုပ်ရည်မျိုးက ခပ်ရှားရှားကိုး။

လေးထောင့် မကျတကျ မျက်နှာအချိုးအစား။
အရပ်ထောင်ထောင်မောင်းမောင်း။ ခန္ဓာကိုယ်က တောင့်တောင့်ဖြောင့်ဖြောင့်။ အသားကညိိုညို။ မျက်ခုံးထူထူ။ နှုတ်ခမ်းအရောင်က နီညိုရောင်။ နောက်ပြီး  ဆေးလိပ်က ဖွာနေသေး။

နွေး အမြင် မမှားတာ ကျိန်းသေသည်။

* သြော်.... ကံကြမ္မာဆိုတာတော်တော်ဆန်းကြယ်တာပဲ...*

YBS နောက်ဆုံးတန်းရဲ့အရှေ့ခုံမှာထိုင်ရင်း မှန်ပြတင်းပေါက်ကိုမှီကာ စိတ်ထဲတွေးမိလိုက်သည်။

ဘယ်သူကထင်မှာလဲ .... စျေးထဲမှာ ရန်တွေ့ခဲ့လူကြီးက တက္ကသိုလ် ပထမဆုံးရက်မှာ စခင်တဲ့ သူငယ်ချင်းရဲ့ အစ်ကို ဖြစ်နေမယ်လို့.......

နွေး သက်ပြင်းအခါခါ ချမိသည်။

အကယ်၍ အဲ့လူကြီးကသာ နွေးကို မှတ်မိနေခဲ့ရင် ဘယ်လိုလုပ်မလဲ ?

နွေးကို အရိုင်းအစိုင်းလို့ထင်ပြီး သူ့ညီမကို နွေးနဲ့ အပေါင်းအသင်း မလုပ်ခိုင်းတော့ရင် နွေးတော့ နာမည်ပျက်ရချည်ရဲ့။

နောက်ပြီး အခြားသူငယ်ချင်း အသစ်တွေမရသေးသရွေ့ နွေးတော့ အထီးကျန်တော့မှာပါလား။

ကျေးဇူးပြု၍ နွေးကို ဟိုလူကြီး မမှတ်မိပါစေနဲ့....။

လက်နှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲဆုတောင်းနေမိသည်။

_
_

"ဟိတ် !! first day of uni အတွေ့အကြုံလေး ဘယ်လိုလဲ ပြောပြပါဦး"

နွေး အိမ်ထဲ၀င်သွားတော့ မမက TV ကြည့်နေရာနေ  ဆီးကြိုကာ စကားဆိုသည်။

Strawberries & Cigarettes🍓🚬 { OC } [Completed]Where stories live. Discover now