ချူချန်က သူ့ဗိုက်လေးကို ပွတ်ပေးကာဆိုသည်။

ကိုယ့်ကိုကိုယ် ကလေးလေးလို့ ပျိုးထောင်ခံရသည့်ခံစားချက်များဖြင့် ကျိချင်းကျိုး ခေါင်းညိမ့်ပြလိုက်သည်။

ချူချန်ကို ပြုံးပြ နှုတ်ဆက်လိုက်ပြီးနောက် သူ့ရဲ့ အလုပ်များသည့် ရိုက်ကွင်းကြီးဆီ ပြန်ချီတက်ရတော့သည်။သို့သော် ရိုက်ကူးရေးနောက်ပိုင်း၌ ဘယ်သူမှ မထင်မှတ်ထားသည့်  အနှောင့်အယှက်ကြီး တစ်ခုဖြစ်လာခဲ့တယ်။

ဇွန်လအစ၌ ကျိချင်းကျိုးနဲ့ချီဟွမ်တို့ တိုက်ခိုက်ကြသည့်အခန်းကိုလေ့ကျင့်ကြည့်ရန် ပြင်ကြသည်။ဒီအခန်းက ချန်ယောင်ကျုံးနဲ့ ချန်မုယီတို့ စစ်ပွဲမစခင်စပ်ကြားကာလပထမဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့ ဆုံကြသည့် အခန်း။မြင်းကျောပေါ်ကနေ ဓားရှည်‌ကို ‌ကိုင်ဆောင်လျက် အဖေနဲ့သား ထိပ်တိုက်ရင်ဆိုင်ရသည့် အခန်းပင်။

ကျိချင်းကျိုးက မြင်ပေါ်အရင် တက်လိုက်ပြီး မကြာမီ ချီဟွမ်ကလည်း မြင်းပေါ် လွှားခနဲ ခုန်တက်လိုက်၏။ချီဟွမ် မြင်းပေါ် ထိုင်ချလိုက်တာနဲ့ မြင်းကုန်းနှီးဆင်ထားတာ နေရာမကျသလိုမျိုး စိတ်ထဲက မရေမရာခံစားလိုက်မိပေမယ့် သိပ်ဂရုမထားလိုက်။ကျိချင်းကျိုးက ဓားဆွဲကိုင်ကာ သူ့ဆီ စတင်ချီတက်လာခဲ့တယ်။

ချီဟွမ်က အတိုက်အခိုက်ခန်းတွေ အများကြီး ရိုက်ဖူးသဖြင့် တိုက်ခိုက်ရည်ပြည့်ဝကာ အင်အားလည်းကြီးသည်။ချန်ယောင်ကျုံးရဲ့ ကာရိုက်တာလို ရဲရင့်သည့်အပြင်ကို မြင်းပေါ်မှာ တိုက်ခိုက်ကြတာတောင်မှ သူ့လှုပ်ရှားမှုအစဉ်က အလွန်ပင် ကြီးမားလွန်းတယ်။သူနဲ့ကျိချင်းကျိုးတို့ တိုက်ကွက်တစ်ချို့ ဖလှယ်ပြီးနောက် မြင်းကုန်းနှီးက ပြဿနာရှိနေပြီဖြစ်ကြောင်း သူသတိပြုမိသွားသလို ကိုယ်လည်း လိမ်ဖယ်သွား၏။သူ ထိုအကြောင်း ပြောပြခါနီး ကျိချင်းကျိုး၏လှုပ်ရှား မှုတွေက အလွန်လျင်မြန်လျှသဖြင့် မတားနိုင်ခင် မြင်းပေါ်က လိမ့်ကျသွားလေသည်။

သူ့မြင်းက ချက်ချင်းဟီးသံပေးလာတယ်။ကျိချင်းကျိုးက မြင်အော်သံရော ချီဟွမ်လိမ့်ကျသွားတာရော သူ့ရှေ့တင် ဖြစ်သွား၍ တောင့်ခဲသွား၏။မြင်းထိန်းတွေက သူတို့နား အလျင်အမြန် ပြေးလာကာ မြင်းကို မောင်းထုတ်လိုက်ကြသည်။ကျိချင်းကျိုးက မြင်းထိန်းအကူအညီဖြင့် မြင်းပေါ်မှ မြန်မြန်ဆင်းကာ ချီဟွမ်ဆီ ပြေး၍ ကြောက်ကြောက်လန့်လန့်ဖြင့်မေးသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now