" ဟုတ်ကဲ့ "

ဆိုင်ထဲက ပန်းအိုးလေးတွေကို ဆိုင်ရှေ့သို့ရွေ့ကာ သေချာပြင်ဆင်လို့နေတဲ့ Tae..တွေ့သမျှလူတိုင်းကလည်း သူကို တရေးတယူနှုတ်ဆက်ကြသလို သူကလည်း အားလုံးကို သူရဲ့မှုပိုင်အပြုံးလေးဖြင့်ပြန်လည်နှုတ်ဆက်တက်တာကြောင့် Tae ဟာ သူတို့နေရာလေးမှာတော့ လူချစ်ချစ်ခင်များတဲ့ ကောင်းလေးတယောက်အဖြစ် အချိန်ခဏလေးအတွင်းမှာ ဖြစ်လာခဲ့တယ်..

ဆိုင်ဖွင့်ပြီး ခဏလောက်နေရင် D.ksj ထိုင်တဲ့ ဆေးရုံလေးရှိရာစီသို့ ပန်းလေးတွေသယ်သွားကာ အမြဲသွားတက်သေးသည်..

သက်ကြီးပိုင်းတွေသာ ရှိတက်တဲ့ စိတ်ကျန်းမာရေးဆေးရုံလေးမှာတော့ ပန်းကြိုက်တက်တဲ့ အဖွားအိုတွေအတွက်ဆိုပြီး မနက်တိုင်းပန်းလေးတွေသွားပေးတက်တာကလည်း သူရဲ့ အလုပ်တခုလိုပင်..

သူလည်းထိုဆေးရုံမှာ အချိန်တလလောက်ထိ ဆေးကုသခဲ့ရသေးသလို D.ksj ကြောင့်လည်း သူက အကုန်လုံးနဲ့ရင်းနှီးပြီးသားဖြစ်သည်...

ဆေးရုံထဲသို ပန်းစီးကိုပိုက်ကာ ဝင်လာပြီး တွေ့သမျှအမျိုးသမီးတိုင်းကို ပန်းတပွင့်စီလိုက်ပေးလို့နေတဲ့ အပြုံးလှတဲ့ ကောင်လေးတယောက်...
သူရဲ့လက်ထဲကျန်နေတဲ့နောက်ဆုံးပန်းပွင့်လေးကတော့ ..

" ကလေးလေး ဒီနေ့ဆေးမသောက်ဘူးဆို "

" သောက်ချင်ပါဘူး ကိုကို ကလည်း သူတို့က မီးကို နေမကောင်းဘူးထင်နေတာ မီးက နေကောင်းတယ်လေ ဘာလို့ဆေးသောက်ရမှာလည်း "

" ဒါဆို ကိုကို က ပန်းလေးပေးမယ်ဆိုရင်ရော ကလေးလေး ကဆေးသောက်မှာလား "

" ဟွန့် သောက်ချင်ဘူး "

" ဒါဆို ကိုကို လက်ထဲက ပန်းလေးက အရမ်းလှတဲ့ကောင်မလေးက သူ့ကိုမယူတော့ဘူးဆိုပြီး စိတ်မကောင်းဖြစ်တော့မှာပဲ "

" ပန်းက စိတ်မကောင်းဖြစ်လို့လား ကိုကို ကလည်း "

" ဖြစ်တာပေါ့ ကလေးလေးရဲ့ "

" ဒါဆို ပန်းလေး စိတ်မကောင်းမဖြစ်အောင် မီး လက်ခံမယ်လေ "

" ဟင့်အင်းဒီတိုင်းမရဘူး ဆေးသောက်မှ ပန်းကလေးကို ကိုကို ကပေးမှာ ဘယ်လိုလည်း ဆေးသောက်မှာလား "

Daisy  (complete) Where stories live. Discover now