ယွန်းထည် မနက်6နာရီတွင်နိုးလာသည်။ဒါသူ ရဲ့ပုံမှန်နိုးချိန်ဖြစ်သည်။ ခါးမှ တင်းကျပ်နေတဲ့ ခံစားချက်ကို ယွန်းထည်ခံစားလိုက်ရသည်။ ယွန်းထည် မနက်လုံးက အိပ်ချင်မူးတူးဆိုတော့ မဖွင့်နိုင်သေးပဲ ခါးအားစမ်းကြည့်တော့ မာမာကြီး ဘာကြီးလဲမသိဘူး သူစမ်းကြည့်လိုက်တော့မှ ခါးကပိုပြီးတင်းကျပ်သွားသည်။
ယွန်းထည် မျက်လုံးအားဖွင့်ကာကြည့်လိုက်တော့ လက်နှစ်ဖက်က သူ့ခါးကို အတင်းကျပ်ဖက်ထားသည်။ သူထီတ်လန့်သွားရသည်။ ဘယ်သူက ငါ့ခါးကိုဖက်ထားတာလဲ သရဲများလား ဆိုသည့်အတွေးနဲ့ ခါးမှလက်ကိုဖြုတ်ချတော့ပိုပြီးတင်းကျပ်လာသည်ကြောင့် ခါးက အနည်းငယ်နာလာရသည်။
"အာ့"
ပြီးတော့မှ သူသတိရတာက ရိုင်းရဲ့လက်ဆိုတာပင် နိုးခါစမို့ ညကဟာတွေမမှတ်မိဘူးဖြစ်နေတာ ။ယွန်းထည်လဲ စိတ်အေးသွားရပြီး လက်ကိုအသာဖြုတ်ချရသည်။ ရိုင်းနိုးသွားမှာလဲဆိုးသေးသည်။
ဘယ်လိုမှဖြုတ်ချမရတဲ့အဆုံး ရိုင်းကိုနှိုးရတော့မည်။ သူမသိတာက သူမနိုးခင် မနက်5နာရီလောက်ကတည်းက ရိုင်းက နိုးနေတာပင်။ ဒါပေမဲ့ ရင်ခွင်ထဲက အဖြူလုံးလေးအနားက မခွာချင်တာကြောင့် ဆက်လှဲနေလိုက်သည်။
ခဏလောက်ကြာတော့ ရင်ခွင်ထဲက အဖြူလုံးလေးက လှုပ်လာတာမို့ ရိုင်းအိပ်ချင်ယောက်ဆောင်လိုက်သည်။
သူ့လက်အားအတင်းဖြုတ်ချနေတာကြောင့် ရိုင်းလက်ကို အနည်းငယ်အားထည့်ကာဖက်လိုက်တော့ အာ့ ဆိုတဲ့ အသံလေးထွက်လာသည်။
"ဟို ရိုင်း....ရိုင်း လက်လေးလွှတ်ပါအုံး''
"အင်းးးး ဘယ်သွားမလို့လဲ"
ရိုင်း ဖက်ထားတာအားမလွှတ်သေးပဲ မေးလိုက်သည်။
"မ....မနက်စာ ပြင်ရအုံးမယ်လေ"
"ခဏနေမှသွား"
"မရဘူးလေ ရိုင်းရဲ့ နိုးနေရဲ့သားနဲ့မထရင် ကိုယ်စောင့်နတ်က ကျိန်ဆဲတက်တယ်"
ယွန်းထည်ထိုသို့ပြောလိုက်တော့ အနောက်က ရိုင်းရဲ့ရယ်သံကိုကြားလိုက်ရသည်။
YOU ARE READING
မောင့်ယွန်းထည်
Romanceရိုင်းခက်နွံ ယွန်းထည် တောရွာလေးက အရက်ဆိုင်ပိုင်ရှင်လေးရိုင်းနဲ့ မြို့က ဆရာ၀န်လေး ယွန်းထည်တို့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်🤍