Part 3

1.5K 67 0
                                        

ရိုင်းတစ်ယောက်နွားနှစ်ကောင်အား လှည်းကိုတပ်ဆင်လ်ိုက်ပြီးအိမ်ထဲမှအ၀တ်ကိုယူကာ လှည်းအားဖုန်သုတ်နေလိုက်သည်။ဖုန်များမရှိတော့မှ ဖျာအားယူကာလှည်းပေါ်၌ခင်းလိုက်ပြီးနွားလှည်းပေါ်တက်ခါမောင်းနှင်လာခဲ့တော့သည်။

ရိုင်းရွာထိပ်မှ မန်ကျည်းပင်ကြီးအောက်တွင်လှည်းအားရပ်ကာ စောင့်နေလိုက်သည်အတော်ကြာသည်အထိ တစ်ယောက်မှပေါ်မလာပါ တော်တော်လေးကြာတော့မှ သူ့ခပ်လှမ်းလှမ်းတွင် အထုပ်များဆွဲထားသည့် လူနှစ်ယောက်က သူ့နားရောက်လာသည် တစ်ယေုက်က အရပ်ပုပုနှင့် အသားအတော်ဖြူပြီးဆံပင်မှာလဲအဖြူရောင်ဖြစ်နေသည် နေပူရှိန်ကြောင့်မျက်နှာလေးမှာရဲနေပြီး ချွေးစက်အနည်းငယ်လဲရှိနေသည် နှုတ်ခမ်း ရဲရဲလေးနှင့် သိပ်ကိုချစ်ဖို့ကောင်းသည် ရိုင်း၏ဘ၀မှာမိန်းမ ယောက်ျားတစ်ယောက်မှကိုချစ်ဖို့ကောင်းသည်ဟုပင်မတွေးဖူးပါ ဒါပေမဲ့ ထိုအရှေ့ကကောင်လေးအားသူချစ်ဖို့ကောင်းသည်ဟုတွေးမိသည်။

နောက်တစ်ယောက်မှာတော့ စာဖွဲ့ပြောစရာမလို အသားကတော့ဖြူသည် သူလောက်နီးနီးအရပ်ရှည်ပြီး သူလောက်နီးနီးပင် ဗလတောင့်သည်။ထိုသူမှစကားစပြောလာသည်။

"ဒီကလူ"

"အာ ဇာန် အဲ့လိုကြီးမပြောနဲ့လေကွာ ဒီကညီလေး"

"ကျုပ်ကိုဘာလို့ညီလေးခေါ်တာလဲ ခင်ဗျားအသက်ကဘယ်လောက်မလို့လဲ"

"26ပါ"

"ဘာ!"

ရိုင်းမှ တော်တော်ကျယ်သည့်အသံနဲ့ထအော်တာကြောင့် ယွန်းထည်မျက်လုံးများအလန့်တစ်ကြားပိတ်လိုက်မိသည်။ဇာန်မှာတော့ နားအားပိတ်ကာ ရိုင်းအားပြန်အော်ပြောလိုက်သည်။

"ဟ ငါ့နားကန်းတော့မယ်ကွ!"

"ဘာ ဘာဖြစ်လို့လဲဟင် ညီလေး"

"ဘာမှမဖြစ်ဘူး မထင်ရလို့ ကျုပ်နာမည် ရိုင်း ခက်နွံ ညီလေးမဟုတ်ဘူး"

"ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါပန်းလှရွာဟုတ်တ
ယ်မလားဟင်"

"အင်း"

"အကိုတို့က မြို့ကလာတဲ့"

"ကျုပ်တို့ရွာကို လုပ်အားပေးဖို့လာတဲ့ဆရာ၀န်နှစ်ယောက်မလား....တက်လှည်းပေါ်"

မောင့်ယွန်းထည် (ရပ်နား)Where stories live. Discover now