Part 11

635 32 3
                                    

သူရိုင်းကို ရှောင်နေတာ အခုဆို 15ရက်လောက်တောင်ရှိသွားပြီ။ ရိုင်း အိမ်လာရင်တောင်သူထွက်မတွေ့ပါ ရိုင်းနဲ့ တွေ့မှာဆိုးတာကြောင့်အပြင်ကိုလဲသိပ်မထွက်တော့ပေ။

"ယွန်းထည် ယွန်းထည်! "

"ဟင် ဇာန် လာဖြစ်လို့လဲ"

"မင်းဘာဖြစ်နေတာလဲ"

"ငါက ဘာဖြစ်နေလို့လဲ"

"မင်းအခုတစ်လော တစ်မှိုင်မှိုင်နဲ့လေ"

"ဘာမှမဖြစ်ပါဘူး ဒီတိုင်းပါပဲ"

"ဟင် ရိုင်း "

သူတို့စကားပြောနေတုန်း ရိုင်းက ဆေးခန်းထဲ၀င်လာသည်။

"ကျုပ်နဲ့ခဏလိုက်ခဲ့ပါ"

ရိုင်းက အတင်းအကျပ်ခေါ်နေတဲ့ပုံမပေါ်ပဲ တောင်းဆိုသည့်ပုံစံနှင့်ပြောသည်။

"ဇာန် ငါခဏလိုက်သွားလိုက်အုံးမယ်"

"အင်းအင်း"

~~~~~~~~~~~~~~~~

ရိုင်းကသူ့အား ဆေးခန်းရဲ့ ခပ်လှမ်းလှမ်းက ချောင်းအားခေါ်သွားသည်။ ရိုင်းက တော်တော်ကြာမှစကားစလာသည်။

"ကျုပ်ကိုဘာလို့ရှောင်နေတာလဲ"

"မရှောင်ပါဘူး"

"ကျုပ်ကိုကြည့်ပြော"

"........."

ယွန်းထည် ရိုင်းအားမကြည့်ပဲ ခေါင်းအားငုံ့ထားစဲဖြစ်သည်။

"ခင်ဗျား လိမ်တယ်"

"..........."

"ကျုပ် ခင်ဗျားကို သဘောကျတယ် ယွန်းထည်"

"ဟင်"

ယွန်းထည် ရိုင်းပြောလိုက်မှအံဩသွားကာ ရိုင်းအားမော့ကြည့်ပေမဲ့ ရိုင်းက စနောက်တဲ့ပုံမပေါ်ပဲ အတည်ပြောနေသည့်ပုံပင်။

"ကျုပ် ခင်ဗျားကို ချစ်တယ်"

"........."

ယွန်းထည် ပြောစရာစကားများပင် မရှိတော့ပါ။ မထင်မှတ်ထားပဲ ရုတ်တရပ်ကြီး ချစ်တယ်ဟုအပြောခံလိုက်ရသည်ကြောင့် အံဩသွားသည်။ အရင်နေ့တွေကထိ ရိုင်းမှာ တခြားသဘောကျရတဲ့သူရှိတယ်ထင်ခဲ့ပေမဲ့ အဲ့ဒိ့လူက သူဖြစ်နေတာတဲ့လား။

မောင့်ယွန်းထည် Where stories live. Discover now