Part 8

1K 46 12
                                        

"ဒီကလူနာ ဘာဖြစ်တာလဲမသိဘူးဗျ"

"နေမကောင်းဖြစ်တာ"

ယွန်းထည်က လူနာကို မေးလိုက်ပေမဲ့ လူနာ့ဘေးမှ အသက်ကြီးကြီး ခပ်၀၀အမျိုးသမီးတစ်ယောက်မှ မျက်နှာတည်တည်နဲ့ထဖြေလိုက်တာကြောင့် ယွန်းထည် အင်တင်တင်ဖြစ်သွားရသည်။

သူမေးတာက ဘာရောဂါဖြစ်တာလဲလို့သဘောနဲ့မေးလိုက်ပေမဲ့ ပြန်ဖြေတာက နေမကောင်းတာတဲ့ နေမကောင်းတာတော့သိတာပေါ့ ဘာရောဂါလဲလို့မေးတာကို။

"ဟို ဘာရောဂါဖြစ်တာလဲလို့မေးတာပါ"

"ဖျားတာ!!"

"အာဟုတ် ဘယ်နရက်ရှိပြီလဲဗျ"

"3ရက်ရှိပါပြီဆရာ"

"အသက်ဘယ်လောက်ရှိပြီလဲဗျ"

"50ပါ"

"ဟုတ်ကဲ့ နာမည်ကရောဗျ"

"ဦးဖြူပါ"

"ဟုတ်ကဲ့ အသက်ကိုပျင်းပျင်းလေးရှုပါ အင်းး ချောင်းဆိုးလားဗျ"

"မဆိုးပါဘူးဆရာ"

"ခေါင်းရောကိုက်လား"

"နည်းနည်းကိုက်ပါတယ်"

"ဟုတ်ပြီ ကျွန်တော်ဆေးပေးလ်ိုက်မယ် အစာကိုမာတာလေးတွေမစားပါနဲ့အုံးဗျ။
ဆန်ပြုတ်လေးတို့ဘာလေးတို့စားပေါ့ဗျာ။
နည်းနည်းသက်သာရင်တော့ ထမင်းစားလို့ရပါပြီ တအားကြီးအပျင်းဖျားတာမဟုတ်ပါဘူး ရေတော့မချိုးပါနဲ့အုံးဗျ ပြီးတော့ ခန္ဓာကိုယ်က အပူရှိန်အရမ်းတက်လာတယ်ဆိုရင် ရေပတ်တိုက်ပေးလို့ရပါတယ် ရေများများသောက်ပေးပါခင်ဗျာ အမဒါက လူနာကိုတိုက်ရမဲ့ဆေးတွေပါ ဒါလေးက မနက်ခင်းကိုသောက်ပါ ဒါလေစက နေ့ခင်းကိုသောက်ရမှာပါ ဒါကတော့ညခင်းကိုသောက်ရမှာပါ ဆန်ပြုတ်တို့ဘာတို့စားပြီးမှ တိုက်ပါ"

"ဘယ်လောက်ကျလဲ!"

"အာ ကျွန်တော်တို့က စေသနာနဲ့အခမဲ့ကုပေးတာပါဗျ"

"ပြီးရော!"

ယွန်းထည်ကပြုံးပြီးသာပြောပေမဲ့ ထိုမိန်းမကြီးမှာတော့ စူးစိုက်ကြည့်ပြီး မျက်နှာခပ်မာမာနဲ့သာထွက်သွားသည်။ဒါပေမဲ့လဲ ယွန်းထည်စိတ်ထဲမထားပါ သူ့အလုပ်ကိုသာသူဆက်လုပ်နေသည်။

မောင့်ယွန်းထည် (ရပ်နား)Where stories live. Discover now