ယွန်းထည်တို့ဆေးခန်းစဖွင့်တာအခုဆို၆ရက်တောင်ရှိပြီဖြစ်သည်။ဆေးခန်းစဖွင့်သည့်နေ့တွင်သာရိုင်းအားနောက်ဆုံးတွေလိုက်ရပြီးအခုထိရိုင်း၏အရိပ်အရောင်ပင်မတွေ့ရတော့ပေ။
"ဟေ့ကောင် ယွန်းထည် ဘာငိုင်နေတာလဲကွ ဆေးခန်းသိမ်းမယ်လေ"
"ဟင် အင်း အင်း"
"မင်းနေမကောင်းဘူးလား"
"မဟုတ်ပါဘူးကွာ နည်းနည်းပင်ပန်းနေလို့"
"အေးပါ"
ယွန်းထည်လဲ အတွေးများအားဖျောက်ကာ ဆေးပစ္စည်းများအားစင်ပေါ်၌သေချာတင်လိုက်ပြီး ဆေခန်းအပြင်ထွက်လာလိုက်ပြီးဆေးခန်းတံခါးအားသော့သေချာခတ်လိုက်သည်။ထိုအချိန်သူတို့နားကိုခတ်သွက်သွက်ရောက်လာသည့်သူ ရိုင်း။
"ယွန်းထည်!"
"ဟင် ရိုင်း"
"ဆေးခန်းသိမ်းပြီလား"
"အင်းလေ ရိုင်း နေမကောင်းလို့လား"
"မဟုတ်ပါဘူး ခင်ဗျားကိုတွေ့ချင်လို့လာတာ"
"ဟမ်..."
"ပြန်မယ် ယွန်းထည်!"
ဇာန်မှ ယွန်းထည်၏လက်ကောက်၀တ်အားဆွဲကာခေါ်သွားမည်အလုပ် ရိုင်းမှလဲ ယွန်းထည်၏လက်ကောက်၀တ်အားပြန်ဆွဲထားတာကြောင့် ယွန်းထည်အလည်မှာယောင်လည်လည်ဖြစ်နေသည်။
"ကျုပ်နဲ့စကားပြောအုံးမှာ!"
"ဟင်"
"မင်းက သူနဲ့စကားပြောအုံးမှာလား
ယွန်းထည်""အာ အင်း ဇာန်ပြန်နှင့်နော် ငါခဏနေမှပြန်လာခဲ့မယ်"
"ကျုပ်လိုက်ပို့မယ်!"
ယွန်းထည် ငြင်းလိုက်ချင်ပေမဲ့ ရိုင်းမှာဘယ်လိုမှမပြန်မခံနိုင်တာသိတာကြောင့် သူငြင်းလဲရင်လဲ ဇာန်နဲ့ရန်ဖြစ်မှာဆိုးတာကြောင့် ဇာန့်အားအရင်ပြန်ခိုင်းလိုက်သည်။ဇာန့်မှာမကျေမလည်ရုပ်လေးနှင့် ထွက်သွားသည်။
"ရိုင်း လက်....လွှတ် ပေးအုံး"
"အင်း"
"ရိုင်းဘာပြောဖို့လဲ"

YOU ARE READING
မောင့်ယွန်းထည် (ရပ်နား)
Romanceရိုင်းခက်နွံ ယွန်းထည် တောရွာလေးက အရက်ဆိုင်ပိုင်ရှင်လေးရိုင်းနဲ့ မြို့က ဆရာ၀န်လေး ယွန်းထည်တို့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်🤍