Part 13

552 30 2
                                    

"မြူနှင်း"

"ဗျာ"

"မချမ်းဘူးလား "

"မချမ်းပါဘူး အကိုရဲ့"

"အော် အင်း"

ကောင်းကင်ပေါ်မှာမိုးဓာတ်လေးအနည်းငယ်ရှိနေတော့ လေးအေးအေးတွေကလဲတိုက်နေသည်။  ဒါကြောင့်အင်္ကျီလက်ရှည်သာဖြစ်တာ အလွန်းပါးလွန်းတာကြောင့် အေးနေမလားမေးလိုက်ပေမဲ့ အဖြေက သူလိုချင်တဲ့အဖြေမျိုးမဟုတ်ပေ။

သူလိုချင်တာက နည်းနည်းအေးတယ်အကိုအဲ့တာဆို သူ့အပေါ်၀တ်အင်္ကျီလေးခြုံပေးလိုက်မယ်လေ သူလိုချင်တာအဲ့တာ။

ယွန်းထည်ရဲ့ အင်္ကျီလက်ရှည်က မြူနှင်းနဲ့လဲအတော်ပဲဖြစ်သည်။

"ဟုတ်"

"မြူနှင်း အကိုပြောစရာရှိတယ်"

"ဟုတ် ပြောလေ "

မြူနှင်းက သူ့အားကြည့်မနေပဲ လမ်းလျှောက်ရင်းဘေးမှ မုန့်စျေးတန်းကိုပဲအကြည်ကြရောက်နေသည်။  သူ့အား ဂရုမစိုက်သလို ခံစားလိုက်ရတာကြောင့် အနည်းငယ်စိတ်အလိုမကျဖြစ်မိသည်။

မြူနှင်းရဲ့ ပုခုံးနှစ်ဖက်အားဆုတ်ကိုင်လိုက်ပြီးသူနဲ့မျက်နှာခြင်းဆိုင်ရပ်စေလိုက်သည်။

"အကိုဘာပြောဖို့လဲ"

"ဟို "

"ဟုတ်"

"ဟိုဟာ ဟူးးး အကိုလေ မြူနှင်းကို"

"ညီလေးမြူနှင်း"

"အယ် အကိုယွန်းထည်တို့ "

​ချစ်ကြောင်းကြိုက်ကြောင်း ပြောတော့မဲ့ဆဲဆဲကို ရောက်ချလာသည့် သူ့သူငယ်ချင်းနဲ့ ဟိုမအေဘေးအား စိတ်ထဲမှ ဆဲနေမိသည်။

"အဟင်းးဟင်းး မင်းတို့က ဘယ်တွေသွားနေကြတာလဲ ဟင်းဟင်း"

"ငါတို့ဘယ်မှမသွားပါဘူး မင်းရုပ်ကြီးကဘာဖြစ်နေတာလဲ ပြုံးသာ ပြုံးတာ အီးမှန်ထားတဲ့ရုပ်နဲ့"

"အဲ့လိုဖြစ်နေတာလား ဟင်းဟင်း"

"အွန်း ရော့ညီလေးမြူနှင်းဖို့ အကို၀ယ်ကျွေးတာ မုန့်လင်မယား"

"ကျေးဇူးပါ အကို ဟီး ကျွန်တော်ဒါစားချင်လို့ဆိုင်ရှာနေတာ မတွေ့လို့ ကျွန်တော်က မုန့်လင်မယားအရမ်းကြိုက်တာ ဘယ်လောက်ဖိုးလဲ ကျွန်တော်ပြန်ပေးမယ်လေ"

မောင့်ယွန်းထည် Where stories live. Discover now