Part 2

1.1K 61 1
                                    

"Hello မေမေ"

"Hello သားလေး နေကောင်းရဲ့လား"

"ဟုတ်ကောင်းပါတယ် မေမေတို့ရောနေကောင်းရဲ့လား"

"ကောင်းပါတယ်ကွယ် မင်းဖေဖေရောအမေကောနေကောင်းပါတယ် ညစာကောစားပြီးပြီလားသား"

"ဟုတ် သားစားပြီးပြီမေမေ"

"ဒါနဲ့ သား မင်းရွာလေးတစ်ခုမှာဆေးခန်း သွားဖွင့်မလို့ဆို အဲ့တာအဆင်ပြေရဲ့လား"

"ဟုတ် အဲ့တာပြောမလို့ဖုန်းဆက်လိုက်တာမေမေ သား သွားမဲ့ရွာလေးက နည်းနည်းခေါင်တော့ ဖုန်းလိုင်းမမိဘူးတဲ့ ပြီးတော့ လျှပ်စစ်မီးလဲမရဘူး အဲ့တာကြောင့် သားရွာမှာရှိတဲ့အချိန်အတွင်းမှာတော့ မေမေတို့နဲ့အဆက်အသွယ်မရလောက်ဘူး သားမြိုရောက်တဲ့အခါကြမှ မေမေတို့ကိုဖုန်းဆက်လို့ရမှာ"

"အေးပါ မေမေကတကယ်ဆို သားနဲ့လေအဆက်သွယ်မပျက်ချင်ဘူး ဒါပေမဲ့လဲ သားကကောင်းမှုကုသိုလ်သွားလုပ်မှာဆိုတော့လဲ မေမေ မဖျက်ပါဘူး သားလုပ်အားပေးသွားမဲ့ ရွာလေး နာမည်က ဘာတဲ့တုန်း"

"ပန်းလှရွာတဲ့မေမေ"

"အိုး ရွာနာမည်လေးကလှလိုက်တာ အမေ့အတွက်ကော ချွေးမ ချောချောလေးရှာခဲ့နော်"

"ဟာ မေမေကတော့"

"အယ် ငါ့သားလေးရှက်နေတာလား ဟီးဟီး မရှက်ပါနဲ့သားလေးရယ် ဟီးး"

"မေမေကတော့ဗျာ"

"သားဘယ်တော့သွားရမှာလဲ နီးပြီလား သွားဖို့က"

"ဟုတ်အမေ မနက်ဖြန်ပဲသွားရမှာ"

"အေးအေး အ၀တ်စားတွေရောထည့်ပြီးပြီလား"

"ဟုတ် မေမေ သားထည့်ပြီးပြီ"

"သား လုပ်အားပေးလာမယ်ဆိုတာ ရွာကသူတွေကိုအသိပေးထားပြီးပြီလား မဟုတ်ရင် ငါ့သားလေး ရောင်လည်လည်ဖြစ်နေမှာဆိုးလို့"

"ဟုတ် သား ရွာလူကြီးကိုအကြောင်းကြားထားတယ်မေမေ ရွာလူကြီးကလဲ ရွာထိပ်ကိုလာကြိုဖို့လူလွှတ်လိုက်မယ်လို့ပြောတာပဲ"

"အေးပါ ဒါဆို ငါ့သားလေး အိပ်တော့လေ မနက်စောစောထသွားမှာမလား"

မောင့်ယွန်းထည် Where stories live. Discover now