"ကိုကို!!"
"ဟေ ဘယ်သူလဲကွ"
"သားပါဂျ"
"ဟင် မောင်မောင်လား လာခဲ့လေ"
"ဟီး ဘာလုပ်နေတာလဲကိုကို အယ် လူချောကြီးတွေ သူတို့က ဘယ်သူတွေတုန်း ကိုကိုညူနှင်း"
"အာ မင်းမသိဘူးလားကွ မြို့ကလာတဲ့ ဒေါက်တာလေးတွေလေ"
"အော် တိပြီတိပြီ တော်တော်ချောတာပဲကိုး ဟီး ကိုကြီးတို့နှစ်ယောက် သားနာမည်က မောင်မောင်ပါဂျ"
မောင်မောင်ဆိုသည်မှာတော့ အသားဖွေးဖွေးတုတ်တုတ်လေးနဲ့ မျက်နှာတွင် သနပ်ခါးအပြည့်လိမ်းထားသည့်6နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်သည်။မြူနှင်းတို့အိမ်ဘေးက ကလေးတစ်ယောက်ဖြစ်သည်။
"မင်းနာမည်က မောင်မောင် ဟုတ်လား"
"ဟုတ်ဂျ"
"လိမ္မာလိုက်တာ ချစ်စရာလေးပဲ လုံးလုံးကစ်ကစ်လေး"
"ဟီး ကျေးဇူးဂျ"
"နာမည်ကြီးကလဲမောင်မောင်တဲ့ရုပ်ဆိုးလိုက်တာ"
"အီးဟီး ဟင့် ဟိုလူကြီးက ကြောက်စရာကြီးအီးဟီး"
"အာ ကလေးလေးကလဲမငိုရဘူးလေကွာ သူကချစ်လို့စတာလေ လာပါအုံးကိုကို့ဆီ"
"အဟင့် ကိုကို"
ဇာန့်မှာ မြူနှင်းမှ ထိုကလေးအားမောင်မောင်လို့ခေါ်လိုက်တာကြောင့် ကလေးအား မျက်နှာထန်ကြီးဖြင့်ကြည့်ကာ ထိုသို့ပြောလိုက်တော့ ထိုကလေးမှ အော်ငိုလာတာကြောင့် မြူနှင်းမှ ကောက်ချီလိုက်ပြီးချော့မြှူနေတာကြောင့် ဇာန့်မျက်နှာပိုလို့ပင် မှန်သိုးသွားရသည်။ယွန်းထည်မှာတော့ထိုဖြစ်ရပ်ကိုကြည့်ပြီး ရယ်ချင်စိတ်အားမနည်းထိန်းထားရသည်။
"မင်းကလဲကွာ သူက ကလေးတစ်ယောက်ပဲကို"
"ကလေးလေး မလေးလေးကွာ!"
"ညီလေးမြူနှင်း"
"ဂျာ အဲ့ မဟုတ် ဗျာ"
"အကို့ကို ကုန်စုံဆိုင်လေးလိုက်ပို့ပါလား အကို၀ယ်စရာလေးတွေရှိလို့"
"အယ် ကိုကြီးက မုန့်ဆိုင်သွားချင်လို့လား"
"ဟုတ်တယ် မောင်မောင်က ဆိုင်သိလို့လား"

YOU ARE READING
မောင့်ယွန်းထည် (ရပ်နား)
Romanceရိုင်းခက်နွံ ယွန်းထည် တောရွာလေးက အရက်ဆိုင်ပိုင်ရှင်လေးရိုင်းနဲ့ မြို့က ဆရာ၀န်လေး ယွန်းထည်တို့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်🤍