"ရိုင်း သူ့ကို ဘာကျွေးတာလဲ"
"သူ့အတွက် မြို့သွားရင် ကြောင်စာတွေ၀ယ်လာလိုက်တာ အဲ့တာတွေကျွေးတာ"
(မိဖြူ = ဒီရွာကမြှောင်တွေထဲမှာ မြှောင်တစ်ကောင်ထဲ Cat foodစားရတာကွ မြှောင်မြှောင်မြှောင် ကြောင်ရယ်သံ)
"အော် သူက ချစ်စရာလေးနော် အမွှေးလေးတွေကလဲ တခြားကြောင်လေးတွေထက် ပိုနူးညံ့သလိုပဲ"
"အင်း"
"ရိုင်းက ကြောင်ချစ်တက်တာလား"
"အင်း"
ယွန်းထည်လဲ ကြောင်လေးကိုချီလာရင်း အိပ်ငိုက်နေသည့်ဇာန့်ဘေးတွင်၀င်ထိုင်လိုက်ပြီးကြောင်လေးကိုတော့ပေါင်ပေါ်မှာပဲတင်ထားလိုက်သည်။ ရိုင်းကလဲ ဘေးကခုံမှာ၀င်ထိုင်လာသည်။
"ရိုင်း ဒီကြောင်လေးကို ကိုယ့်ကို ရောင်းမလားဟင်"
"ဘာလို့လဲ"
"သူက ချစ်စရာကောင်းလိူ့"
"မရောင်းဘူး! သူ့ကိုတွေ့ချင်ရင်အိမ်ကိုလာ"
"အွန်းပါ"
ယွန်းထည်လဲ ဘာမှဆက်မပြောတော့ဘဲ ကြောင်လေးကိုသာပွတ်သက်ပေးရင်း ခဏကြာတော့မှ လက်ထဲက မုန့်အားသတိထားမိကာ စားမလို့ဖောက်ပေမဲ့ ဘယ်လိုမှဖောက်မရပေ။
"ပေး ဖောက်ပေးမယ်"
"အွန်း"
ရိုင်းက အိတ်နှစ်ခမ်းစနှစ်ခုအားတစ်ချက်တည်းဆွဲဖွင့်လိုက်တာနဲ့ ပွင့်သွားပြီး ဘေးတွင်အနည်းငယ်တောင်ပြဲသွားသေးသည်။ သူကြတော့ ခဏခဏဆွဲဖွင့်တာကို ရိုင်းကြတစ်ခါတည်းနဲ့ ပွင့်သွားတယ် ဟွန့် အစုတ်ပလုပ် မုန့်ထုပ်။
"ရော့!"
"ရိုင်းရော စားမလား"
"တော်ပြီ"
သူတို့လဲ ဘာစကားမှမပြောကြတော့ပဲတိတ်ဆိတ်သွားသည်။ သူ့လက်ပတ်နာရီအားကြည့်လိုက်တော့ ဆေးခန်းဖွင့်ချိန်လိုသေးတာမို့ စိတ်အေးလက်အေးဖြစ်သွားရသည်။ ထိုအချိနထမှာပဲ သူတို့နားအား မိန်ကလေးတစ်ဦး ဂျိုင့် တစ်ခုအားကိုင်လာကာရောက်လာသည်။
"အကို"
"ဘာကိစ္စရှိလို့လဲ ပိုးနု"
ရိုင်းနဲ့ထိုမိန်းကလေးက သိနေကြပုံပင်။ အေးလေ သိကြမှာတော့ တစ်ရွာတည်းသားချင်းပဲကို။ ထိုမိန်းကလေးက လှတဲ့ထဲပါသည် အင်္ကျီအနီရင်ဖုံးလေးကို၀တ်ထားပြီး အောက်ကလဲ ထဘိန်၀တ်ထားပြီးမြန်မာဆန်ဆန်လှသည်။
CZYTASZ
မောင့်ယွန်းထည်
Romansရိုင်းခက်နွံ ယွန်းထည် တောရွာလေးက အရက်ဆိုင်ပိုင်ရှင်လေးရိုင်းနဲ့ မြို့က ဆရာ၀န်လေး ယွန်းထည်တို့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်🤍