Part 12

1K 40 2
                                        

"အဲ့တာဆို မှီမယ်နော်"

"အင်း"

ယွန်းထည်လဲ ရိုင်းပုခုံးအားမှီကာ မျက်လုံးအား မှိတ်ထားလိုက်ပြီး ခဏလောက်ကြာတော့ အိပ်ပျော်သွားသည်။

ရိုင်း သူ့လက်မှ ယွန်းထည်လုပ်ပေးထားသည့် လက်စွပ်လေးအားကြည့်ကာ ပြုံးရောင်သန်းသွားသည်။

"အကို စားကြည့်ပါလား အကိုလဲ ဘာမှစားရသေးတာမှမဟုတ်တာ"

"တော်ပြီ"

"စားကြည့်ပါ အကိုရဲ့ စားကောင်းတယ် အာ"

"အာ..."

ဇာန် ဟိုအကောင်ပေးတဲ့ပေါင်မုန့်အား အနည်းငယ်စားကြည့်ချင်ပါသော်လဲ  သူ့သူငယ်ချင်းအား အမြဲပိုင်ဆိုးပိုင်နက်လုပ်တဲ့ကောင်ကို အမြင်ကပ်တာကြောင့် မစားတော့ဘူးလုက်ထားပေမဲ့ ချစ်ရသူလေးကအတင်းကျွေးတော့လဲ အားနာပါနာနဲ့စားလိုက်ရသည်။

မြူနှင်းက သူ့အားခွံ့ကျွေးတော့ ရင်ထဲမှာ ဖုတ်လိုက်ဖုတ်လိုက်လေးဖြစ်နေသည်။

"ရေရော သောက်မလားအကို"

"အင်း"

ဇာန်သူ့အားရေပါ သေချာလေးတိုက်မယ်ထင်ထားပေမဲ့ လက်ထဲရောက်လာသည့် ရေသန့်ဘူးကြောင့် လူက အင်တင်တင်ဖြစ်သွားရသည်။ မြူနှင်းက သူ့အားရေသန့်ဘူးအားပေးပြီး ဖုန်းသုံးနေသည်။ မြူနှင်းရွာမှာဖုန်းသုံးတာတစ်ခါမှမမြင်ဖူးပေ။

"မြူနှင်း"

"ဗျာ"

"ဘာတွေလုပ်နေတာလဲ"

"ဟီး ဂိမ်းဆော့နေတာဗျ"

"မြူနှင်းဖုန်းနံပါတ် ကိုယ့်ကိုပေးထားမလား"

"ရွာမှာဖုန်းလိုက်မှမမိတာ အကိုကလဲယူပြီးဘာလုပ်မလို့လဲ"

မြူနှင်းက သူ့အားကြည့်မလာပဲ ဖုန်းကိုပဲကြည့်ကာဖြေလာတာကြောင့် စိတ်ထဲသိပ်အလိုမကျပေ။

"မြူနှင်းက မပေးချင်လို့လား"

" မဟုတ်ပါဘူး အကိုရဲ့ ယူထားလေ 09........."

"အင်း ကိုယ်မှတ်ထားလိုက်ပြီ မြူနှင်းဘာဂိမ်းတွေဆော့နေတာလဲ"

"အာ ဒီဂိမ်းလေ အကိုရဲ့popstarဂိမ်းလေ ကျွန်တော်က အရမ်းကျွမ်းတာ ဟီး"

မောင့်ယွန်းထည် (ရပ်နား)Where stories live. Discover now