အပိုင်း(၃၈.၂)

Zacznij od początku
                                    

သူ ဒီကိုလာခဲ့ရတဲ့ အကြောင်းအရင်းတစ်ခုမှာ အတွင်းစိတ်ရှိမကောင်းဆိုးဝါးနှင့် အလောင်းအစားကြောင့်ဖြစ်ပြီး နောက်တစ်ခုမှာတော့ ဒီအခွင့်အရေးကို အရယူပြီး ယဲ့လျှိုရင်ကို ဖယ်ရှားဖို့ပင်ဖြစ်သည်။ဒါကြောင့် သူဟာ ယဲ့လျှိုရင်ရဲ့ အစီအစဉ်ကို စုံစမ်းရန် ယဲ့လျှိုရင်ကို တိတ်တဆိတ် နောက်ယောင်ခံခဲ့သည်။

လွန်ခဲ့သောနှစ်များက ယဲ့လျှိုရင်ဟာ လူသားအသွင်ဖြင့် ချီရန်မသေမျိုးလောကထဲသို့တိတ်တဆိတ် ခိုးဝင်လာခဲ့သည်။ဒါပေမယ့် သူ့ရဲ့ကိုယ်ပွားက သူ့ခန္ဓာကိုယ်အစစ်လောက် ဝိညာဉ်စွမ်းအားမကောင်းသောကြောင့် တားမြစ်စည်းကို ချိုးဖောက်ဖို့ ခက်သည်။ သို့ပေမယ့် တားမြစ်စည်းတံဆိပ်ကသာ ချီရန်မသေမျိုးလောကအတွင်းမှာပင်ပျက်စီးသွားမည်ဆိုပါက ပိုပြီးရိုးရှင်းပေသည်။

သို့သော် ဒါက လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပေ။

ထိုစဉ်က, ရွှမ်းရန်ဒဏ်ရာအပြင်းအထန်ရသောအခါတွင် သူဟာလောကကြီးတည်တံ့စေရန်အတွက် ကောင်းကင်ကို ထိုးဖောက်ထားသည့် မဟာကောင်းကင် မဏ္ဍိုင်ကိုးဆယ့်ကိုးတိုင်ကို ထူထောင်ခဲ့​လေသည်။သို့မှသာ သူတစ်နေ့သေဆုံးသွားခဲ့လျှင်ပင် မသေမျိုးလောကဆီသို့ မိစ္ဆာတွေ ကျူးကျော်ဝင်ရောက်မှုကို တားမြစ်ရန် ကောင်းကင် မဏ္ဍိုင်များ အလုံအလောက်ရှိ ပေလိမ့်မည်။

ယဲ့လျှိုရင်၏ လူအသွင်ကိုယ်ပွားသည် သူ၏ မူလ ခန္ဓာကိုယ် ဝိဉာဉ်စွမ်းအား ၏ တစ်ဝက် သာ ရှိပြီး သမားရိုးကျအတိုင်း မသေမျိုးလောကတွင် ပြိုင်ဘက်ကင်း မဟုတ်နိုင်ဘဲ ချီရန်မသေမျိုးလောကထဲတွင် အမြှီးကုတ်ပြီးပုန်းအောင်း နေခဲ့ရုံသာတတ်နိုင်ကာ မလှုပ်ရှားဝံ့ပေ။ သို့သော်လည်း မိစ္ဆာတစ်ကောင်အနေဖြင့် သူ၏မိစ္ဆာမှော်များကို မဟာကောင်းကင်မဏ္ဍိုင်များက ဖိနှိပ်ချုပ်နှောင်ထားရာ သူဟာ ကောင်းကင်မဏ္ဍိုင်၏အတွင်းပိုင်းသို့ လည်း လုံးဝမ၀င်ရောက်နိုင်ပေ... ထို့ကြောင့်ပင်သူဟာမိမိ၏အသွေးအသားကို ဤလောက၌ ချန်ထားရစ်ခဲ့လေ​၏...

လင်းကျစ်ရန်တွင် တော်ဝင်မိစ္ဆာသွေးနှင့် ဤချီရန်မသေမျိုးလောက​၏ သွေးတို့က ရောနှောစီးဆင်းနေသည်။ သူသည် သူ၏ဖြစ်တည်မှုကို ဖုံးကွယ်ကာ မဟာကောင်းကင်မဏ္ဍိုင်ထဲသို့ ဝင်ရောက်နိုင်သည်၊ ထို့နောက်တွင် ယဲ့လျှိုရင် သင်ပေးထားသော တော်ဝင်မိစ္ဆာကျင့်စဉ်တို့ရဲ့ အကူအညီဖြင့် လောက နှစ်ပါးကို ပိုင်းခြားထားသောစည်းတံဆိပ်ကိုချိုးဖျက်နိုင်ပေ​၏။ သို့ပေမယ့် ဒီလိုလုပ်လိုက်ပါလျှင်လည်း လင်းကျစ်ရန်ကစတေးခံရပေလိမ့်မည်...

ဒီတစ်ခါလည်းဇာတ်လမ်းသွေဖည်သွားပြန်ပြီလား?(MyanmarTranslation)Opowieści tętniące życiem. Odkryj je teraz