ဖြောင်း

" ငါ့အသားကိုလာမထိနဲ့ "

Daisy ရဲ့ အပြုအမှု ကြောင့် J ဟာ အစကတော့ ကြောင်နေမိသေးတယ်..ခဏအကြာမှာတော့ ရိုက်ခံလိုက်တဲ့ ပါးပြင်ကိုပွက်လိုက်ပြီး ပါးဇောင်ကိုလျှာဖြင့်ထိုးကာ ချက်ချင်းဆိုသလိုပင် Daisy ရဲ့ လည်ပင်းကိုညစ်ကိုင်လိုက်ပြီး ပြတင်းပေါက်မှာကပ်လို့ တွန်းကာ ထားသည်..

" မင်းကများငါ့ကိုရိုက်တယ်ဟုတ်လား ဟမ်!!! အလိုလိုက်ထားလို့ ရောက်တက်တာလား ပြောစမ်း!!!"

အသက်ပင်ရှုရခက်နေတာတောင် Daisy စီက မုန်းတယ်ဆိုတဲ့ အကြည့်တို့က တစက်မလျော့သွားကာ ​J ကိုကြည့်လို့နေပြီး လွှတ်ပေးပါလို့တောင်တစက်ကလေးမှ မတောင်းပန်..

J ဟာ သူရှေ့မှာ အသက်ရှုကြပ်လို့ မျက်နှာတခုလုံးနီရဲနေတာတောင် လွှတ်ပေးဖို့မပြောတဲ့ Daisy ကို ဒေါသပိုထွက်လာပေမယ် သူ့ရဲ့နှလုံးသားတခုလုံးနဲ့ချစ်ရတဲ့ တဦးတည်းသောသူဖြစ်တာ
ကြောင့် တချက်ခက်တင်းတင်းညစ်လိုက်ပြီး တွန်းချလိုက်မိတယ်..

လဲကျသွားတဲ့ Daisy ဟာ..အသက်ကိုမှန်မှန်ပြန်ရှုပြီး J ကိုပြန်လည်မော့ကြည့်လိုက်ကာ..

" ကျေနပ်လား ငါ့ကိုခုလိုတွေချုပ်နှောင်ထားရတာကျေနပ်လား!!!!.. ဘာလို့လည်း ဘာလို့လည်း ငါတို့သားဖမှာ ဘာတွေများအပြစ်ရှိလို့လည်း မင်းတို့ကိုဘာတွေများလုပ်ခဲ့မိလို့လည်း ဟမ်
Jeon Jungkook!!! "

" အော် သိသွားပြီပေါ့ "

" ဘယ်အချိန်ထိလိမ်ထားမလို့လည်း ဘယ်အချိန်ထိ ငါ့ရဲ့အဖေကို မုန်းတဲ့စိတ်တွေနဲ့ ငါ့ကိုနေခိုင်းမလို့လည်း မလုံလောက်သေးဘူးလား..

ငါ့မင်းအပေါ်ပေးဆက်နေတာတွေမလုံလောက်ခဲ့လို့လား မင်းရဲ့ကျေးဇူးဆိုတာကြောင့် ယောကျားတန်မဲ့ ငါ့ခန္နာကိုယ်တခုလုံးနဲ့ ရင်းလို့ မင်းကိုပေးဆက်ခဲ့တယ်..

ပြီးတော့ ငါမင်းကိုသိပ်ချစ်ခဲ့တယ် Jeon Jungkook..ဒါတောင်ငါကိုအမှန်တိုင်းပြောပြဖို့မင်းမှာ စိတ်ကူးမရှိခဲ့ဘူး မင်းဟာလေ အတ္တကြီးတဲ့ တကိုယ်ကောင်းသမားပဲ!!!! "

" မပြောနဲ့ မင်းပါးစပ်က ငါ့ကိုအဲ့လိုပြောပိုင်ခွင့်မရှိဘူး "

Daisy  (complete) Where stories live. Discover now