Tae pov..J မင်းအရမ်းရက်စက်တယ် အဖေ အဖေ ဆုံးတာ သိနေရဲ့နဲ့ ငါ့ကို လှည့်စားပြီးမပြောခဲ့ဘူး J မင်းလုပ်ရက်တယ်.. ငါချစ်တဲ့ J မင်းက သိပ်ကြောက်ဖို့ကောင်းတယ် မုန်းတယ် မင်းကိုမုန်းတယ်..

Taehyung ဟာဆေးရုံမှာ မနေတော့ပဲ အိမ်ကိုသာသူသဘောနဲ့သူဆင်းလာခဲ့သည်.. အိမ်ပြန်ရောက်ထဲက အခန်းတခုလုံးမှာရှိတဲ့ ပစ္စည်းတွေအကုန်ကိုင်ပေါက်ကာ သောင်းကျန်းထားသလို သူ့ရဲ့ လက်တွေမှာလည်း သောင်းကျန်းလို့ ထိမိထားတဲ့ ဒဏ်အချို့ပါရလို့နေသည်..

J ဟာ ဆေးရုံက ဖုန်းဆက်လှမ်းပြောထားတာကြောင့် သူ့ကိုမပြောမဆိုနဲ့ ဆေးရုံဆင်းသွားတဲ့ Daisy ကိုစိတ်ဆိုးသော်လည်း စိတ်ကိုပြန်ဖြေထားကာ အိမ်သို့ပြန်လာခဲ့သည်..

အိမ်ပြန်ရောက် နေတာတောင် သူ ပြန်ရောက်ချိန်မှာ ထွက်မကြိုတဲ့ Daisy ကြောင့် J ဟာ ကားပေါ်ကဆင်းထဲက မျက်မှောင်တချက်ကုတ်လို့ အသင့်စောင့်နေတဲ့ အိမ်စေတွေကို မေးလိုက်သည်.

" Daisy မရှိဘူးလား "

" ရှိပါတယ် သခင်လေး Jeon "

" ဒါဆို ငါကိုဘာလို့လာမကြိုတာလည်း "

J pov.. Daisy မင်းဘာဖြစ်နေပြန်တာလည်း ငါကိုဘာမှ မပြောမဆိုတွေလုပ်နေပါလား "

J ဟာ သူ့အတွေးနဲ့ အသင့်ဖွင့်လို့ပေးတဲ့ အိမ်တံခါးမကြီးကနေဝင်လာကာ တံခါးကို ပြန်ပိတ်လိုက်ချိန်မှာ တခါထဲ လော့ချလိုက်တဲ့ J..

Daisy အခန်းရှိရာ အခန်းစီသို့လျှောက်လာလိုက်ပြီး တံခါးဖွင့်ကာ ဝင်လိုက်တော့ မြင်လိုက်ရတဲ့ အခန်းက ရစရာမရှိနေရာတိုင်းမှာ ကွဲကျပျက်စီးလို့နေတဲ့ အရာဝတ္တုများနဲ့ ဖန်ကွဲစများစွာ..

ပြတင်းပေါက် ဘက်ကို မျက်နှာမှုကာ ကျောပေးလို့ထားတဲ့ Daisy ဟာ J ဝင်လာတာကို သိသိကြီးနဲ့တောင် တချက်လှည့်မကြည့်ကာ ဥပေက္ခာပြုလို့နေသည်..

ဒါကို သူလာတာတောင် သူ့ကိုလှည့်မကြည့်ရလားဆိုပြီး ဒေါသနဲ့ အနားကို ရောက်လို့သွားကာ ဆွဲလှည့်လိုက်တော့..

Daisy ရဲ့ မျက်နှာထားဟာ ခံစားချက်မရှိတော့တဲ့ လူတယောက်မျက်နှာအနေအထားဖြစ်ကာ.J ဆွဲလှည့်လိုက်တာကိုပါ ရန်မှုလို့ J ရဲ့ ပါးပြင်ကို ရိုက်ချလိုက်တဲ့ Daisy..

Daisy  (complete) Where stories live. Discover now