အပိုင်း (၂၀၃) ကြီးမြတ်လှတဲ့သခင်လေးက ဖူကျို့ကို အတွင်းခံဝယ်ပေးဖို့ခေါ်သွားတယ်...

Magsimula sa umpisa
                                    

သူ သိပ်ကိုချောတာပဲ။

သူက ရဲတပ်ဖွဲ့ဝင်တယောက်လား ဒါမှမဟုတ်တခုခုပဲ။

“ မင်းဟာလေ တကယ်ကိုပဲ မင်းလက်ခုပ်ထဲကနေ ကလေးတွေကိုတောင် အလွတ် မပေးတော့ဘူးလား”

ချင်မော့သည် ထိုကလက်တက်တက် ကောင်လေးကို အေးတိအေးစက် ပြောလိုက်တော့သည်။

ဖူကျို့သည် မကျေမနပ်နှင့် ပြန်လိုက်လေသည်။

“ အစ်ကိုမော့က အဲကလေးလေးတွေ သိပ်ချစ်ဖို့ကောင်းတာ မမြင်လိုက်ဘူးလား”

ချင်မော့သည် ဘာမှပြန်မပြောချေ။ သူသည် သူ၏နတ်ဘုရားနှင့်တူသော မျက်နှာလှလှလေးကို အဝေးသို့ လှည့်ထားကာ ကောင်လေးနှင့်အတူ အပေါ်ထပ်ကို တက်သွားလိုက်သည်။

ပထမတွင် ဖူကျို့သည် ထိုနတ်ဘုရားက သူမကို ပထမအလွှာသို့ ခေါ်သွားသည်ထင်ခဲ့လေသည်။

ဒုတိယအလွှာ..... ကလေးတွေရဲ့အခြမ်းလေ

တတိယအလွှာသည် ပိုစည်ကားနေပြီး အကောင်းစားတံဆိပ် အားလုံးရှိသည်။

ဒါက....ဒီတံဆိပ်တွေအားလုံးကိုကျော်သွားပြီး ဒီနတ်ဘုရားက ဘာလို့များ CK မှာစျေးလာဝယ်တာလဲ

အကုန်လုံးက အတွင်းခံတွေလေ ပြီးတော့ သူ့မျက်လုံးထဲမှာ ကြည့်ရတာ အရမ်းထူးဆန်းနေ သလိုလို....

“ နှစ်ထည် ရွေးလိုက်”

ချင်မော့သည် မျက်ခုံးများကိုပင့်လျက် ဖူကျို့ဘက်လှည့်ကာ အလွန်စိတ်ဆိုးနေဟန်ဖြင့် ကြည့်နေလေသည်။

ဖူကျို့ : “....” ငါလေးကမိန်းကလေးလေဟယ် ယောကျ်ားလေးအတွင်းခံကို ဘာလုပ်ရမှာလဲလို့။

“ဒါတွေမလိုပါဘူး”

ဖူကျို့သည် လက်ထဲတွင် ကိုင်ထားသောသကြားလုံးထုပ်ကို ဟန်ပါပါ မြှောက်ပြလိုက်ပြီး ပြောလိုက်သည်။

“ ဒီချစ်စရာလေးတွေနဲ့တင် ငါလေးအတွက် လုံလောက်ပါပြီ”

သူသာ ငြင်းပယ်ချက်တွေကို လက်ခံလိုက်ရင် ကြီးမြတ်တဲ့သခင်လေးချင်က ကြီးမြတ်လှတဲ့သခင်လေးချင် ဘယ်ဟုတ်တော့မလဲ။

ကျောင်းတော်ရဲ့ မင်းသားလေးက မိန်းကလေးတဲ့ Book 2Tahanan ng mga kuwento. Tumuklas ngayon