သို့သော် တကယ်တမ်းကျ ချန်မုယီကို တိုင်းပြည်ကို သစ္စာဖောက်ခဲ့တာမဟုတ်ကြောင်း ဘယ်သူမှ မသိကြပေ။ သူ ချင်းတိုင်းပြည်နဲ့ စစ်ပွဲကို မသွားရခင် ဘုရင်မင်းမြတ်က သူ့ကို လျှို့ဝှက်ခေါ်တွေ့ခဲ့ပြီး သူ့အား ရန်သူတိုင်းပြည်ထဲဝင်၍ လျှို့ဝှက်စုံထောက်လုပ်ကာ ရန်သူအား အမြစ်ကနေလှန် ပြီး ရန်သူ့တိုင်းပြည်ကို ဖျက်ဆီးပစ်ဖို့ပြောသည်။

ချန်မုယီဟာ -ယောက်ျားတစ်ယောက်သည် တိုင်းပြည်နဲ့မိသားစုပေါ် တာဝန်‌ထမ်းဆောင်ဖို့ မွေးလာရခြင်းဖြစ်သည်ဟူသော သူ့ဖခင်၏စကားကို အမှတ်ရကာ တွန့်ဆုတ်မှုပင်မရှိ သဘောတူလိုက်၏။သူ မြန်မြန်ပဲ တိုင်းပြည်ကို သစ္စာဖောက်လို့ရမည့် အကြောင်းပြချက်ကို စဉ်းစားကာ ဘယ်လို အကျိုးအကြောင်းကျကျ သစ္စာဖောက်ရမလဲဆိုတာကို အစီအစဉ်ဆွဲသည်။ထိုအစီအစဉ်တိုင်း တိုက်ပွဲမှာ ဒဏ်ရာအရခံပြီး အဖမ်းခံခဲ့သည်။ထိုအစီအစဉ်ကြောင့်ပဲ မဟုတ်မမှန်တဲ့ အမုန်းတရားတွေကို တည်ဆောက်ပြခဲ့ရသည်။ချင်းတိုင်းပြည်မှာ သူအများကြီး နှိပ်စက်ခံခဲ့ရပြီးမှ ချင်းဘုရင်၏ ယုံကြည်မှုရအောင် ခက်ခက်ခဲခဲလုပ်ဆောင်ပြခဲ့ရသည်။သူ့ဘုရင်ဆီ ရန်သူ့အချက်အလက်တွေကို တာဝန်ကျေပွန်စွာ ပို့ဆောင်ပေးခဲ့ရသည်။

ချန်မုယီ တာဝန်ကို လက်ခံလိုက်သည်နှင့် ဘုရင်မင်းမြတ်က သူ့ကို မေးလာသည်။

"ဒီတာဝန်က အရမ်းအန္တရာယ်များလွန်းတယ်။ရန်သူတိုင်းပြည်မှာပဲ သေချင်လည်း သေသွားနိုင်လိမ့်မယ်။ မောင်မင်းဖခင်ကို ဘာမှ မပြောချင်တော့ဘူးလား?"

ချန်မုယီက အကြာကြီး အတွေးနက်သွားပြီး တိုးတိုးလေးဆိုလာသည်။

"သူ့ကိုပြောပေးပါ။ ကျွန်တော်မျိုး သူ့ကို ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး။သူ့အတွက် ဂုဏ်ယူနေတာပါလို့"

သို့သော် ဘယ်အရာကိုမှ ကြိုမပြောနိုင်ပါပေ။ချန်မုယီကို တာဝန်ခိုင်းစေခဲ့သော ဘုရင်ကြီးဟာ ဖျားနာမှုကြောင့် ကံတော်ကုန်သွားခဲ့သည် ။သူမသေခင် ဒီကိစ္စအား ချန်ယောင်ကျုံးကို ပြောသွားချင်ပေမယ့် ချန်ယောင်ကျုံးက ချန်မုယီနဲ့ တိုက်ပွဲဝင်နေရသောကြောင့် အချိန်မီ တိုင်းပြည်ဆီ ပြန်မလာနိုင်ခဲ့။ထို့ကြောင့် ထိုစကားတွေအား မပြောပြနိုင်ဘဲ သေသွားခဲ့ရသည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now