"ဘာလို့လဲ? "

ချန်မုယီကတော့ အေးစက်စွာဖြင့် စကားသုံးခွန်သာဆိုလာ၏။

" ကျုပ် ခင်ဗျားကို မုန်းတယ်"

ချန်ယောင်ကျုံးမှာ ပဟေဋိဖြစ်သွားရတယ်။ချန်မုယီက မြင်းကို တရှိန်ထိုးစီးလာသည်။ငယ်ရွယ်သည့် လူငယ်လေးက ထက်မြက်သော ဓားရှည်အား ကိုင်ဆောင်ထား၏။သူ့မျက်လုံးထဲ၌ ဂုဏ်ယူဝင့်ကြွားမှုနှင့် အမုန်းတရားတို့ဖြင့် ပြည့်နှက်နေသော်လည်း အသံကတော့ တည်ငြိမ်နေဆဲပင်။

"ခင်ဗျားမျက်လုံးထဲမှာ ကျုပ်ကလွဲပြီး ဒီတိုင်းပြည်ဆိုတာပဲ ရှိတယ်။အဲ့တော့ ကျုပ်က ဒီတိုင်းပြည်ကို ဖျက်ဆီးပြီး ကျုပ်အင်အားကို ပြပေးရမှာပေါ့"

ချန်ယောင်ကျုံးဟာ မယုံနိုင်မှု ဒေါသထွက်မှုတွေဖြင့် ဓားရှည်ကို ဆွဲထုတ်၍ ချန်မုယီကို ထိုးစိုက်လိုက်သည်။သို့သော် ချန်မုယီက သူ့ကို ရပ်တန့်စေ၏။သားအဖနှစ်ယောက် တိုက်ပွဲအဆုံးသတ်မှာတော့ ချန်မုယီက ဒဏ်ရာရသွားပြီး သူ့အနားယူရာအရပ်ကို ပြန်ကာ ပြန်ကုသရလေသည်။

သားဖြစ်သူ အသိတရားဝင်စေရန်အလို့ငှာ ချန်တိုင်ပြည်အား မိမိကိုယ်တိုင် စစ်တပ်ကို ဦးဆောင်၍ တိုက်ခွင့်ပေးရန် ဘုရင်မင်းမြတ်အား တောင်းဆိုလိုက်သည်။ဘုရင်မင်းမြတ်က သူ့ကို တားသော်လည်း ချန်တိုင်းပြည်က နောက်တစ်ခါ ကျူးကျော်လာသည့်အခါမှာတော့ ချန်မုယီကပဲ စစ်တပ်ကို ဦးဆောင်လာပြန်လေသည်။စစ်ပွဲမစခင် ချန်‌ယောင်ကျုံးက မေးလိုက်သည်။

"မင်းအမှားမင်းသိပြီလား"

ချန်မုယီက ဇောက်ကြွားကြွားဖြင့်

"ဘာအမှားလဲ?"

စစ်ပွဲစတင်သည့်အချိန်မှာတော့ ချန်မုယီဟာ ငယ်ရွယ်ပြီး အရည်အချင်း ရှိသည်ဆိုရင်တောင် ဘဝသက်တမ်းတစ်ဝက်လောက် စစ်တိုက်ရင်း ကုန်ဆုံးလာသည့် ချန်ယောင်ကျုံးကို မယှဉ်နိုင်ခဲ့ပေ။ချန်ယောင်ကျုံး သူ့ကို သတ်ဖို့ထိ ရည်ရွယ်ချက်မရှိသော်လည်း ဓားမှာ မျက်စိမပါပေ။ဓားသွားက ချန်မုယီ၏ ရင်ဘက်ထဲသို့ အမှတ်မထင် စိုက်ဝင်သွားလေသည်။ ချန်မုယီက သူ့ဖခင်ကို ရေသေလို မျက်လုံးများဖြင့်ကြည့်ကာ တစ်ခုခု ပြောရန် ပါးစပ်ဖွင့်ဟလိုက်သော်လည်း တကယ်တမ်းကျ ဘာမှ ပြောစရာမရှိပုံပင်။သူသည် စစ်မြေပြင်၌ ချန်ယောင်ကျုံးလက်ထဲမှာတင် သေသွားခဲ့သည်။

ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြစ်ကူးပြောင်းလာခြင်း [မြန်မာဘာသာပြန်]Where stories live. Discover now