𝐏𝐚𝐫𝐭.30

1.1K 159 10
                                    

   အပိုင်း(၃၀)
{ချိုမြိန်သောနေ့ရက်တွေ(၂)}

မနက်ရောက်တော့ဒိုင်ယာရီကအရင်နိုးလာခဲ့ပြီးဘေးမှာအိပ်ပျော်နေတဲ့လွန်းရဲ့ခေါင်းအောက်ကမိမိလက်ကိုအသာအယာဆွဲထုတ်ရန်လုပ်လိုက်သည်၊ထိုအခါလွန်းကတအင့်အင့်နဲ့လူးလွန့်လာတာမို့အသာပြန်ငြိမ်နေလိုက်တော့မှအိပ်ပျော်သွားလေ၏၊ဒိုင်ယာရီပြုံးလိုက်ရင်းလွန်းရဲ့နဖူးလေးကိုနှုတ်ခမ်းနဲ့ဖိကပ်၍မနက်ခင်းအနမ်းလေးပေးလိုက်သည်၊

"လွန်း ထသင့်ပြီလေ"

ဒိုင်ယာရီရဲ့အသံကလွန်းရဲ့နားထဲကိုမထိုးဖောက်နိုင်၍ထင်သည်၊အိပ်ပျော်နေတဲ့လွန်းကနည်းနည်းလေးမှမလှုပ်၊မိမိလက်မောင်းကိုလေဝင်ပေါက်မရှိအောင်ဖိကပ်ထားတဲ့ပါးအိအိလေးကိုလက်နဲ့အသာဖျစ်ညှစ်ရင်းစလိုက်တော့လွန်းရဲ့မျက်ခုံးတို့ကတွန့်ချိုးလာ၏၊

"အိပ်ပုတ်လေး ထတော့လို့"

လွန်းကမကျေမချမ်းနဲ့ဒိုင်ယာရီကိုတွန်းထုတ်ပြီးဟိုဘက်ပြန်လှည့်အိပ်နေသည်၊ဒိုင်ယာရီခပ်ဟဟရယ်လိုက်ရင်းလွန်းရဲ့ကိုယ်လေးကိုနောက်ကနေသိုင်းဖက်လိုက်သည်၊

"လွန်း ထတော့လို့"

"ဟင့်အင်း ဘာမှမကြားဘူး"

နားနှစ်ဖက်ကိုပိတ်ပြီးအော်ပြောလာတဲ့လွန်းကို‌ဒိုင်ယာရီငုံ့နမ်းလိုက်သည်၊နိုးနေရဲ့သားနဲ့မထပဲပေကပ်နေတဲ့ငဂျစ်လေးကဘာတွေမကျေမနပ်ဖြစ်နေလည်းမသိ။

"လွန်း တကယ်ထတော့လို့ အချိန်ကမစောတော့ဘူး"

"သိပါတယ်"

ဒီတစ်ခါတော့လွန်းကကုတင်ပေါ်ထထိုင်လာသည်၊နှစ်ယောက်သားရေချိုးခန်းထဲဝင်ပြီးကိုယ်လက်သန့်စင်ကာအောက်ကိုအတူဆင်းလာခဲ့ကြသည်၊မနေ့ညကညဉ့်နက်မှအိပ်ကြတဲ့အဖေနဲ့အမေကတော့အခုထိမထနိုင်သေးပဲအိပ်နေကြတုန်းထင်သည်၊မနက်စာစားဖို့စားပွဲမှာဝင်ထိုင်ပြီးဒိုင်ယာရီ့ကိုကော်ဖီငှဲ့ထည့်ပေးလိုက်သည်။

"ကော်ဖီသောက်နော်"

"အင်း"

ဒိုင်ယာရီ့ကိုနှစ်လိုဖွယ်ကောင်းအောင်ပြုံးပြလာပြီးလွန်းကမနက်စာကိုစစားနေသည်၊ဒိုင်ယာရီလည်းလွန်းရဲ့ပုံရိပ်လေးကိုအကြောင်းမဲ့သက်သက်ငေးကြည့်နေမိပြီးလက်ရှိအခြေအနေလေးပျောက်ပျက်သွားမှာကိုမလိုလားပေ၊လွန်းသာဒိုင်ယာရီ့ဘေးကနေထပ်ထွက်သွားခဲ့ရင်လုံးဝရပ်တည်နိုင်တော့မယ်မထင်။

ငါ့မိဖုရားWhere stories live. Discover now